၁၈.၁.၂၀၂၅.
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံရဲ့ တရားရုံးတစ်ရုံးက ထောင်ဒဏ်ကျခံရပြီးသားဖြစ်တဲ့ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းနဲ့ ဇနီးဖြစ်သူတို့ကို အကျင့်ပျက်ခြစားမှုနဲ့ အပြစ်ရှိတယ်လို့တွေ့ရှိပြီးနောက်မှာ ဇန်နဝါရီလ ၁၇ ရက်က ထောင်ဒဏ် ၁၄ နှစ်နဲ့ထောင်ဒဏ် ခုနစ်နှစ်စီချမှတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေနဲ့ အန်းရဲ့ ရှေ့နေတို့က ပြောခဲ့ကြပါတယ်။
ခန်း ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်က သူတို့ဇနီးမောင်နှံဟာ ငွေမည်းကိုငွေဖြူဖြစ်စေဖို့အတွက် အိမ်ခြံမြေသူဌေးကြီးတစ်ဦးစီက မြေတစ်ကွက်လက်ခံရရှိခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
ဒီနောက်မှာတော့ စီးပွားရေးလုပ်ငန်းရှင် မာလစ် ရီအတ်ဇ်ကို အခြားအမှုတစ်ခုမှာ ချမှတ်ထားတဲ့ငွေဒဏ်အတွက် ငွေမည်းကို ငွေဖြူလုပ်ထားတဲ့ ပေါင်စတာလင် သန်း ၁၉၀(အမေရိကန် ဒေါ်လာသန်း ၂၄၀) နဲ့ ခန်းက ပေးဆောင်ဖို့ခွင့်ပြုခဲ့ပါတယ်။
ခန်း ကတော့ သူ့အနေနဲ့ မှားယွင်းတဲ့လုပ်ဆောင်မှုမရှိဘူးဆိုတာ ၂၀၂၃ ခုနှစ်မှာ သူ့ကိုဖမ်းဆီးခဲ့ချိန်ကစလို့ ထပ်တလဲလဲငြင်းခဲ့ပါတယ်။ စွဲချက်တွေအားလုံးဟာ သူ့ပြိုင်ဘက်တွေက သူ့အပေါ် ဝန်ကြီးချုပ် တာဝန်ကို ထပ်မံမဆောင်ရွက်နိုင်ဖို့ လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့ကြတာလို့ ပြောခဲ့ပါတယ်။
ပါလီမန်မှာ အယုံအကြည်မရှိအဆို တင်သွင်းခံရပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ ပြုတ်ကျခဲ့ရတဲ့ ခန်းဟာ အကျင့်ပျက်ခြစားတာ၊ တရားဝင်လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့တာ၊ လက်ထပ်ဥပဒေတွေကိုချိုးဖောက်တာစတဲ့ စွဲချက်သုံးခုနဲ့ တရားစွဲခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ်၊ ၁၄ နှစ်နဲ့ ခုနစ်နှစ် အသီးသီးချမှတ် ခံခဲ့ရတာပါ။ ပါကစ္စတန်ဥပဒေအရ သူက ပြစ်ဒဏ်တွေကို တစ်ပေါင်းတည်းကျခံရမှာဖြစ်ပြီး အကြာရှည်ဆုံးပြစ်ဒဏ်ကို ကျခံရမှာပါ။
Ref- CNN