၁၇.၁.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ နယ်မြေ (၄)ရပ်တွင် ဇန်နဝါရီလ ၁၇ ရက် နံနက် ၁၀ နာရီ ၁၃ မိနစ်ခန့်က LED မီးထွန်းထားရာမှ မီးသီးရှော့ခ်ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၅ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ မိနစ်၂၀ နီးပါး ကြာမြင့်ခဲ့ပြီး မီးလောင်မှုကြောင့် သွပ်မိုးထရံကာ၊ ပျဥ်ခင်း ၂ ထပ် နေအိမ် ၅ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၅ စီး၊ ရေသယ်ယာဥ် ၇ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၈၀ ခန့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၂၉ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
“အိမ် ၅ လုံး မီးထဲပါသွားတာကြောင့် အိမ်ထောင်စု ၆ စု ၊ လူဦးရေ ၂၄ ဦးကတော့ နီးစပ်ရာ ဆွေမျိုးသားချင်းတွေရဲ့ နေအိမ်တွေမှာ နေထိုင်နေကြပါတယ်”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။
နေအိမ် ၅ လုံးမီးလောင်မှုကြောင့် အသက် ၄၆ နှစ်အရွယ် ဦးစိုးထိုက်ကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမရပူရမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။