၁၅.၁.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ တက်နက်ဖ်နယ်မြေရှိ မော့ရှ်နီဘင်္ဂါလီဒုက္ခသည်စခန်းတွင် ဇန်နဝါရီလ ၁၆ ရက် ညပိုင်းက ကြီးမားသောမီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ကလေးတစ်ဦးသေဆုံး၍ ဒဏ်ရာရသူ အများအပြားရှိကာ အိမ်ခြေ ၁၀၀ ကျော်နှင့် အခြားအဆောက်အအုံများပါ မီးလောင်ကျွမ်းခဲ့ရကြောင်း သိရသည်။
မီးက စခန်းအတွင်း အကွက် P-3 ရှိ အိမ်တစ်အိမ်မှစတင် လောင်ကျွမ်းခဲ့ကာ ပတ်ဝန်းကျင်ရှိ အိမ်များနှင့်အဆောက်အအုံများကို လျင်မြန်စွာ ကူးစက်လောင် ကျွမ်းခဲ့ရာ အနည်းဆုံး အိမ်ခြေ ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့ရသည်ဟု မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့သည်။
မီးက စခန်းအတွင်းရှိ အိမ်တစ်အိမ်မှ စတင်လောင် ကျွမ်းခဲ့ခြင်းဟုသိရသော်လည်း မီးလောင်ကျွမ်းမှုအ ကြောင်းရင်းနှင့် ထိခိုက်ဆုံးရှုံးမှုပမာဏကို စစ်ဆေးနေဆဲဖြစ်ကြောင်းလည်း သိရသည်။
မီးသတ်တပ်ဖွဲ့က မီးလောင်ကျွမ်းရာသို့ လျင်မြန်စွာရောက်ရှိခဲ့သော်လည်း ၎င်းတို့ရောက်ရှိချိန်၌ပင် စခန်းအတွင်း နေထိုင်သူများက ဝိုင်းဝန်းငြှိမ်းသတ်ကြသဖြင့် မီးကို ကောင်းစွာထိန်းသိမ်းနိုင်သည့် အခြေအနေသို့ရောက်ရှိနေပြီဟုလည်း မီးသတ်တပ်ဖွဲ့က ပြောခဲ့သည်။
Ref- Dhaka Tribune