၁၅. ၁. ၂၀၂၅
Written by Nay Moe
AA နဲ့ NUG ဩဇာခံ ချင်းညီနောင်(Chin Brotherhood) သိမ်းထားတဲ့ မင်းတပ်မြို့က ချင်းကောင်စီ (Chinland Council)အဖွဲ့ဝင် CNF ဒုဥက္ကဋ္ဌထန်းနိန်ကီးနေအိမ် ဖောက်ထွင်းလုယက်ခံခဲ့ရတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ချင်းပြည်နယ်မှာ AA နဲ့ NUG ကို သစ္စာခံတဲ့ CB မှာ ချင်းလက်နက်ကိုင် CNDF ၊ CDF ကန်ပက်လက်၊ CDF မတူပီ (တပ်မဟာ – ၁)၊ CDF မင်းတပ်၊ မရာလက်နက်ကိုင် MTC/MDF နဲ့ Zoland Defence Force တို့ ပါဝင်သလို မင်းတပ်မြို့ကို CB က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ သိမ်းယူထားကြောင်း ကြေညာခဲ့တာပါ။ ဒါပေမဲ့ချင်းပြည်နယ်မှာ AA နဲ့ NUG ကို သစ္စာခံတဲ့ ချင်းညီနောင် ထက် ချင်းတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စုဖွဲ့ထားတဲ့ ချင်းပြည်ကောင်စီ (Chinland Council – CC)ကိုသာ ချင်းတိုင်းရင်းသားတွေက နှစ်လိုကြပြီး ချင်းကျောင်းသူပါမချန် မုဒိမ်းကျင့်နေတဲ့ AA ဟာ ချင်းပြည်က ထွက်ခွာရေး ချင်းအဖွဲ့အစည်းပေါင်းစုံတောင်းဆိုမှုနဲ့ GKO ရဲ့ထုတ်ပြန်မှု၊ ချင်းလူထု ဆန္ဒပြမှုနဲ့ ချင်းပြည်ကောင်စီရဲ့ လက်နက်ကိုင် CNA /CNF မဟာမိတ်တပ်ပေါင်းစုကလည်း AA ကို တိုက်ထုတ်ဖို့ ကြိုးပမ်းနေကြတာကြောင့် မင်းတပ်မြို့ကို သိမ်းထားတဲ့ CB ရဲ့ လက်နက်ကိုင်တချို့ဟာ သူတို့ရဲ့အာဏာလုဘက် ချင်းကောင်စီရဲ့ ဦးဆောင်အဖွဲ့ CNA/CNF ဒုဥက္ကဋ္ဌ – ၁ ထန်းနိန်ကီးရဲ့ နေအိမ် ဖောက်ထွင်းခိုးယူခဲ့တဲ့အခြေအနေမျိုးဖြစ်နေတာပါ။
“CNF ဒုဥက္ကဋ္ဌ-၁ အိမ် ချင်းပြည်နယ် မင်းတပ်မြို့
ရှိ ၎င်း နေအိမ်ကို ဖောက်ထွင်းပြီး ပစ္စည်းများ
အကုန်ပျောက်နေကြောင်း သတင်းရရှိ၊ လက်ရှိ
မင်းတပ်မြို့သည် AA နဲ့ ချင်းညီနောင်က
ထိန်းချုပ်ထားပါသည်” လို့လည်း CNA/CNF ထောက်ခံသူချင်းလူမျိုးတစ်ဦးက လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
ထန်းနိန်ကီးဟာ မင်းတပ်မြို့က သူ့အတွက်မလုံခြုံတာကြောင့် မီဇိုရမ်ပြည်နယ်ဘက်မှာ နေထိုင်နေတယ်လို့ ဇန်နဝါရီ ၁၃ ရက်မှာ ပြောထားသလို လတ်တလောမှာ ဖောက်ထွင်းခံရလို့ ပျက်စီးကုန်ကြောင်းသာသိရတယ် ဒေသတွင်း Zofa Journal က ဖော်ပြထားသလို ထန်းနိန်ကီးရဲ့ အိမ်ဖောက်ထွင်းလုယက်ခံရကြောင်း ကနဦးဖော်ပြတဲ့ ဆလိုင်းကဖန်းကလည်း ထန်းနိန်ကီးမိသားစုအတွက် ဆုတောင်းပေးပါဦးလို့လည်း ချင်းဘာသာနဲ့ရေးသားဖော်ပြထားပါတယ်။
ပုံစာ။ AA နဲ့ NUG ဩဇာခံ CB သိမ်းထားတဲ့ မင်းတပ်မြို့ CNF ဒုဥက္ကဋ္ဌ (၁) ထန်းနိန်ကီး နေအိမ် ဖောက်ထွင်းလုယက်ခံရမှုမြင်ကွင်း (Photo – Salai Ca Fung)