၁၅. ၁. ၂၀၂၅
Photo by Thiri
တွင်းထွက် ကျောက်မျက်ရတနာမျိုးစုံကို ငွေသတ္တု ခုနစ်ဆယ် ရာခိုင်နှုန်း ပါဝင်တဲ့ခေတ်မှီ 925 Frameတွေ ၊ ပိုးလက်ကျစ်ကြိုးတွေနဲ့ ဖန်တီးရောင်းချတဲ့ Mary Doi Jewellery က ရန်ကုန်မြို့၊ လသာမြို့နယ်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ Junction City Promotion Area မှာ ကျင်းပပြုလုပ်နေတဲ့ Made In Myanmar Fair Local Products အရောင်းပွဲတော်နဲ့ ပြပွဲမှာ ပါဝင်ပြသရောင်းချနေပါတယ်။ အဲ့ဒီ အရောင်းပြပွဲက ဇန်နဝါရီလ ၁၄ ရက်ကနေ ၁၈ ရက်အထိ ပြုလုပ်သွားမှာပါ။
ငွေလက်မှု စစ်စစ်တွေကို ရောင်းချတဲ့ Mary Doi Jewellery ရဲ့ အာမခံရောင်းချမှုမှာ တွင်းထွက်ကျောက် စစ်မှန်ခြင်း၊ နေ့စဉ် ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်သလို၊ ကျန်းမာရေး လာဘ်လာဘအတွက်လည်း အဆောင်အနေနဲ့ ဝတ်ဆင်နိုင်ပြီး ပွဲတက်အတွက် ခန့်ညားထည်စွာဝတ်ဆင်နိုင်မယ့် ပန်းတိမ်ထွက်ပစ္စည်းတွေအပြင် ၊ စင်ကာပူ မိုလ် ၊ ဟောင်ကောင်မိုရ်တွေမှာ ထည့်သွင်းပြုလုပ်ထားတဲ့ နိုင်ငံတကာအဆင့်မီ ဒီဇိုင်းတွေပါ ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။
ဈေးနှုန်းတွေက ကျပ် ငါးထောင်တန်ကနေ စတင်ပြီး ကျပ် ငါးသိန်းကျော်အထိ ခင်းကျင်းပြသရောင်းချနေတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ အဆိုပါ ပရိုမိုးရှင်း ဧရိယာရှိ အရောင်းပွဲနဲ့ ပြပွဲအတွင်း ကျပ်ငါးသောင်းဖိုးကနေ စတင်ကာ တစ်ဆယ်ရာခိုင်နှုန်း ပြန်အမ်းငွေတန်ဖိုးနဲ့ ညီမျှတဲ့ ရတနာပစ္စည်းကို လက်ဆောင်ရရှိမှာလည်း ဖြစ်ပါတယ်။
Mary Doi လက်မှုပစွည်းဆိုင်ရဲ့ အရောင်းဆိုင်တွေက စမ်းချောင်းမြို့နယ် ရှိ Capital Hyper Market နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အသစ်ဖွင့်လှစ်လိုက်တဲ့ ဂမုန်းပွင့် ရှော့ပင်းစင်တာတွေမှာ နေ့စဉ် မနက် ၉ နာရီကနေ ည ၇ နာရီအထိ လက်လီလက်ကား ဖွင့်လှစ်ရောင်းချတယ်လို့ သိရပါတယ်။