၁၄.၁.၂၀၂၅
Written by KL
ယနေ့ ည ၇ နာရီ ၁ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ မြိုင်ဟေဝန်လမ်းရှိ KITAJIMA အောက်ဆီဂျင်စက်ရုံခြံဝန်းတွင် ဇန်နဝါရီလ ၁၄ ရက် ည ၇ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုမှာ 45 KV မီးစက်ကို နှိုးထားစဉ် မီးစက်တွင် တပ်ဆင်ထားသော ဘတ္ထရီခေါင်းချောင်၍ မီးပွားများထွက်ပြီး ဘတ္ထရီအိုးပေါ်ကျရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
မီးလောင်မှုမှာ ၁၃ မိနစ်ခန့်သာကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၂ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၁၃ မိနစ်တွင် မီးငြိမ်းခဲ့သည်။
မီးလောင်မှုကြောင့် မီးစက်၏ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးများမီးလောင်ခဲ့သဖြင့် စက်ရုံတာဝန်ခံ အသက် ၃၉ နှစ်အရွယ် အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် သာကေတနယ်မြေရဲစခန်းက အမှုဖွင့်ထားသည်။