၁၄.၁ ၂၀၂၅
Written by Shwe Phyo
မလေးရှား အမှတ် (၂)ခြေလျင်တပ်ရင်းသည် မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံက လာရောက်သူ ၃၁ ဦးကို ဇန်နဝါရီ ၁၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း မလေးရှားအခြေစိုက် မီဒီယာများတွင် ဖော်ပြထားသည်။
အမှတ်(၂) ခြေလျင်တပ်ရင်းသည် ထိုင်းနှင့်မလေးရှားနယ်စပ်ဒေသဖြစ်သော ဘူကစ် ကာယူဟီတမ် အရပ်ဒေသနားတွင် မြန်မာ ၃၁ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ မလေးရှားစစ်တပ်သည် နယ်စပ်ဒေသကို ကင်းလှည့်ချိန်အတွင်း နယ်စပ်ဒေသအနီးရှိ ဆီအုန်းခြံများထဲတွင်ပုန်းအောင်းနေသော မြန်မာနိုင်ငံသားများကို တွေ့ရှိခဲ့ကာ စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမှတ် (၂)ခြေလျင်တပ်ရင်းက ” ကျွန်တော်တို့ဟာ ဆီအုန်းခြံထဲမှာတွေ့ခဲ့တဲ့သူတွေကို စစ်ဆေးခဲ့တယ်။ စစ်ဆေးမှုတွေအရ အဲဒီသူတွေဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်။ စုစုပေါင်း မြန်မာနိုင်ငံသား ၃၁ ဦးကို ဖမ်းဆီးခဲ့တာပါ။ တရားဝင်အထောက်ထား မရှိကြဘူး။ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၄ ဦးနဲ့ ကလေးငယ်သုံးဦးတို့ကို ဖမ်းဆီးခဲ့တာပါ၊ ဖမ်းဆီးခံရသူတွေဟာ အသက် ၂ နှစ်အရွယ်ကနေ ၄၂ နှစ်အရွယ်အတွင်း ရှိကြပါတယ် ” ဟုပြောသည်။
မလေးရှားအမှတ် (၂)ခြေလျင်တပ်ရင်းသည် ဖမ်းမိသူ ၃၁ ဦးနှင့်အတူ ငွေကြေးများနှင့် မိုလ်ဘိုင်းဖုန်း ၂၃ လုံး၊ လက်ဝက်လက်စား အချို့ကို သိမ်းဆည်းရမိခဲ့ပြီး မလေးရှားရင်းဂစ် ၂၇၀၀၀ တန်ဖိုးရှိကြောင်း သတင်းထုတ်ပြန်ထားသည်။ မလေးရှားစစ်တပ်သည် ဖမ်းဆီးရမိသူ ၃၁ ဦးကို ထပ်မံစုံစမ်းစစ်ဆေးနိုင်ရန်အတွက် ဘူကစ်ကာယူဟီတမ် ရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်းလည်း ပြောသည်။
Ref, thestar