၁၄.၁.၂၀၂၅.
Translated by Htwe Ko Tun
ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ ဇန်နဝါရီလ ၁၃ ရက်၊ ဒေသစံတော်ချိန် ည ၉ နာရီ ၁၉ မိနစ်က မဂ္ဂနီကျူ့ ၆ ဒသမ ၉ ရှိတဲ့ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။
ငလျင်လှုပ်ခတ်မှုက နိုင်ငံအနောက်တောင်ပိုင်း ကျူရှုးကျွန်းပေါ်ရှိ မီရာဇာကီမဲဆန္ဒနယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အနီးရှိ ရှီကိုကူးကျွန်းပေါ်က ကိုချီမဲဆန္ဒနယ်မှာလည်း ငလျင်လှုပ်ခတ်မှုကို သိရှိခံစားခဲ့တယ်လို့ ဆိုပါတယ်။ ငလျင်လှုပ်ခတ်မှုအပြီးအဆိုပါကျွန်းတွေမှာ ဆူနာမီသတိပေးချက်ကို နိုင်ငံရဲ့ငလျင်တိုင်းတာရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ကမ်းခြေဒေသတွေမှာနေထိုင်တဲ့ ပြည်သူတွေကို ကြိုတင်ရွှေ့ပြောင်းကြဖို့ သတိပေးခဲ့ပြီး တချို့ ရထားတွေလည်းပြေးဆွဲမှု ရပ်ဆိုင်းခဲ့ပါတယ်။ ငလျင်က မြေအနက် ကီလိုမီတာ ၃၀ ကိုဗဟိုပြုခဲ့တာလို့လည်း ငလျင်ဌာနက ပြောခဲ့ပါတယ်။
ငလျင်ကြောင့် လူနေအိမ်တွေပျက်စီးပြိုကျမှုတွေ တွေ့ရပေမယ့် လူအသေအပျောက်ရှိတယ်လို့ မသိခဲ့ရပါဘူး။ တခြား ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုလည်း သတင်းမရရှိခဲ့ပါဘူး။ ငလျင်လှုပ်အပြီး မိနစ် ၃၀ လောက်အကြာမှာ တစ်မီတာလောက်မြင့်တဲ့ဆူနာမီရေလှိုင်းက ကျွန်းကိုရောက်လာခဲ့တယ်လို့ NHK သတင်းဌာနက ပြောခဲ့ပါတယ်။ ဒါပေမယ့် ဆူနာမီထုတ်ပြန်ချက်တွေကို နောက်ပိုင်းမှာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
ဂျပန်နိုင်ငံဟာ Ring of Fire လို့ခေါ်တဲ့ ပစိဖိတ်ခါးပတ်အတွင်းတည်ရှိနေတာကြောင့် မြေငလျင်မကြာခဏ လှုပ်လေ့ရှိပါတယ်။
Ref- NHK