၁၄.၁.၂၀၂၅
Written By Thandar
ပရိသတ်အကြိုက်ထပ်တူကျတဲ့ ဇာတ်တွေကိုအကောင်းဆုံး ရေးသားပုံဖော်ခဲ့တဲ့ ဇာတ်ညွှန်းဆရာမ အင်ကြင်းဟန်က ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ဇာတ်ညွှန်းဆုရမယ်ဆိုရင်တော့ ပေးရင်တော့ ယူချင်တယ်လို့ ဖွင့်ဟလာပါတယ်။
“ကျွန်မက အဓိက ဇာတ်တစ်ခုပေါ်မှာ ရူးသွပ်ပြီးတော့ ရေးတတ်တယ်ပေါ့နော်။ ဇာတ်တစ်ခုကို ကောက်လှိုင်းချ ဖန်တီးပြီဆိုရင် ပရိသတ်ထောက်ပြစရာမရှိ ဟာကွက်မရှိအောင် ကြိုးစားရေးဖြစ်တယ်။ နောက်တစ်ခုက ပရိသတ်လက်ခံနိုင်လောက်မယ့် စကားလုံးတွေ ပရိသတ်ဘက်ကလည်း ကျေနပ်စေမယ့် စကားလုံးတွေ အဓိက ဖန်တီးဖြစ်ပါတယ်။ ဒေါသထွက်ရင်လည်း ဒေါသထွက်တဲ့အသံအမြင့်ကြီးဘဲ သွားတာမျိုး မဟုတ်ဘဲ မကျေနပ်သူကို ခနဲ့လိုက်တာမျိုးတွေသုံးတာပဲလေ။ ကျွန်မရေးတဲ့ ဇာတ်တွေမှာ မင်းသားဆု၊ မင်းသမီးဆု၊ အသံဆုတွေ ရတယ်ဆိုရင် ကျွန်မသိပ်ပျော်ပါတယ်။ ကျေနပ်နေတာပေါ့နော်။ ဒီနှစ်မှာလည်း အကယ်ဒမီ စာရင်းဝင်ကားတွေပါလို့ ပျော်ပါတယ်။ ကျွန်မတို့ အနုပညာရှင်တွေဆိုတာလည်း အားတစ်ခု ဆိုတော့လေ။ ဒီနှစ် အကယ်ဒမီဆုမှာ ဇာတ်ညွှန်းဆုရမယ်ဆိုရင်တော့ ပေးရင်တော့ ယူချင်တာပေါ့ရှင့်။ အကယ်ဒမီရတယ်ဆိုတာက အနုပညာရှင်တွေရဲ့ လက်ရာတွေပြောင်မြောက်တယ်ဆိုရင်တော့ အကယ်ဒမီရမယ်လို့ယုံကြည်တယ်။ ဒါပေမယ့် ကျွန်မရဲ့ အနုပညာလက်ရာတွေ ပြောင်မြောက်လာတယ်ဆိုရင် ရလိမ့်လို့ထင်ပါတယ်ရှင့်။ ရရမယ်လို့ မဟုတ်ပါဘူး။ ပေးရင်တော့ယူမှာပါ။ ကျွန်မက ပရိသတ်လက်ခံအောင် အမြဲတမ်းတော့ ကြိုးစားပါတယ်။ ဒီကားကို ကြည့်ပြီး ဟင် ဆိုတာမျိုးမဖြစ်ဘဲ အားရကျေနပ်မှုကို ရစေချင်တာပါ။ အကယ်ဒမီ ရခဲ့မယ်ဆိုရင်တော့ အတိုင်းမသိပေါ့ ” လို့ ဇာတ်ညွှန်း အင်ကြင်းဟန်က ဖွင့်ဟပြောဆိုတယ်။
သူမကတော့ ဇာတ်လမ်း ဇာတ်ညွှန်းပိုင်းတွေကို များစွာရေးသားခဲ့သူလည်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ သူမ ဇာတ်ညွှန်းရေးသားတဲ့ “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားက အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု၊ အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုနဲ့ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆု ၄ ဆုကို ရရှိထားပါတယ်။
ဒါ့အပြင် လာမယ့် ဖေဖော်ဝါရီလဆန်းပိုင်း နေပြည်တော်မှာ ကျင်းပမယ့် ၂၀၂၄ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲ Nomination စာရင်းဝင်ဇာတ်ကား ၄ ကားဖြစ်တဲ့ မီး၊ အရက်စက်ဆုံး အနမ်း၊ နို့ထမင်း၊ သဘင်သည် မြနှင်းဆီ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဇာတ်ညွှန်းရေးသားထားသူလည်းဖြစ်ပါတယ်။
ဝတ္ထု ဇာတ်လမ်း ဇာတ်ညွှန်းဆရာမ အင်ကြင်းဟန်က ရို့မန့်ဒရာမာ ဇာတ်လမ်းပုံစံ “အရက်စက်ဆုံး အနမ်း”ရုပ်ရှင်ဇာတ်ကား၊ အချစ် ဇာတ်ကြမ်းပုံစံ “မီး” ရုပ်ရှင်ဇာတ်ကား၊ အတ္တကိုရှေ့တန်းတင်ကာ တစ်ကိုယ်ကောင်းဆန်သလို သဘင်သည်တွေ ဇာတ်ကိုပေါ်လွင်စေတဲ့ အချစ်အမုန်းတွေနဲ့ပြည့်နှက်နေတဲ့ “သဘင်သည် မြနှင်းဆီ” ရုပ်ရှင်ဇာတ်ကား၊ ၁၉၆၀ ဝန်းကျင်ခန့်က ဇာတ်အိမ်ကို အခြေခံထားတဲ့ မေတ္တာဖွဲ့ဒရာမာဇာတ်လမ်းပုံစံ “နို့ထမင်း”ရုပ်ရှင်ဇာတ်ကားတွေကို အကောင်းဆုံးဇာတ်ညွှန်းပိုင်းမှာ ပုံဖော်ခဲ့သူလည်းဖြစ်ပါတယ်။
#အင်ကြင်းဟန် #EngyinHan
#၂၀၂၄ခုနှစ်မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ
#ဇာတ်ညွှန်းဆု #MyanmarAcademy #MyanmarScript