၁၃.၁.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ် ရေးဒေသဖြစ်တဲ့ ဟောင်ကောင်ဒေသမှာ နာရီ ၂၀ ကြာလောင်ကျွမ်းခဲ့တဲ့ တောမီးကို ကောင်းစွာထိန်းသိမ်းနိုင်ပြီဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့က ဇန်နဝါရီလ ၁၃ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုကို ဇန်နဝါရီလ ၁၂ ရက်၊ ညနေ ၄ နာရီ၅၁ မိနစ်မှာ စတင်တွေ့ရှိခဲ့တယ်လို့ သတင်းပို့ခဲ့တာ ပါ။ မီးက ဟောင်ကောင်ဒေသရဲ့ Lantau ကျွန်းပေါ်က တောင်ကုန်းတစ်ခုမှာ စတင်လောင်ကျွမ်းခဲ့တာပါ။ အဲဒီည ၁၀ နာရီမှာပဲ မီတာ ၁၀၀ နဲ့ မီတာ ၅၀ ရှိ မီးလောင်ကျွမ်းမှု နှစ်ခုကို ထပ်မံသတင်းရခဲ့ပြန်ပါတယ်။
တောမီးကို အစိုးရကဝေဟင်မှ ရေဗုံးတွေကြဲချပြီး ငြှိမ်းသတ်ခဲ့ပါတယ်။ မီးသတ်စက်တွေနဲ့ ကျောပိုးရေ စုပ်စက်တွေသုံးပြီးတော့လည်း တောမီးကို ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၁၁ ရက် မွန်းလွဲပိုင်းမှာလည်း တောမီး လောင်ကျွမ်းမှုတစ်ခု ဟောင်ကောင်ဒေသရဲ့ Yuen Long ခရိုင်အတွင်းက Kai Kung Leng တောင်တန်းပေါ်မှာဖြစ်ခဲ့လို့ငြှိမ်းသတ်ခဲ့ရပါသေးစတယ်။ အဲဒီ တောမီးလောင်မှုမှာတော့ တောင်တက်သမားနှစ်ယောက်ပိတ်မိနေပေမယ့် ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Ref. SCMP