၁၃. ၁. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်သောက်သုံးမှုအများဆုံး ထိပ်ဆုံး ၁၀ နိုင်ငံတွင် ထိပ်ဆုံးမှပါဝင်နေကြောင်း World Atlas အဖွဲ့၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
အဆိုပါအဖွဲ့၏ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းရှိနိုင်ငံများထဲ ဆေးလိပ်သောက်သုံးမှုအများဆုံး ထိပ်ဆုံး ၁၀ နိုင်ငံတွင် လူဦးရေ၏ ထက်ဝက်ကျော်ဆေးလိပ်သောက်သုံးသည့် နော်ရူးက (၅၂.၁၀ %) က ရပ်တည်နေပြီး ထို့နောက်တွင် ကီရီဘာတီ(၅၂%)၊ တူဗလူ(၄၈.၇၀%) တို့က ထိပ်ဆုံးတွင် ရှိနေသည်။
ထို့နောက် လူဦးရေ၏ ၄၅ ဒသမ ၅၀ ရာခိုင်နှုန်း ဆေးလိပ်သောက်သုံးနေသည့် မြန်မာ (၄၅. ၅၀%) နိုင်ငံက အဆင့် ၄ တွင် ရပ်တည်နေပြီး၊ ချီလီ(၄၄.၇၀%)၊ လက်ဗနွန်(၄၂. ၆၀%)၊ ဆာဘီးယား (၄၀.၆၀%)၊ ဘင်္ဂလားဒေ့ရှ်( ၃၉.၁၀%)၊ ဂရိ(၃၉.၁၀%)၊ ဘူဂေးရီးယား(၃၈.၉၀%) စသည်ဖြင့် ရပ်တည်နေကာ မြန်မာနိုင်ငံသည် အာရှတိုက်နှင့် အရှေ့တောင်အာရှတွင် ဆေးလိပ်သောက်မှုအများဆုံးနိုင်ငံအဖြစ်လည်း ရပ်တည်နေသည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၅၇ ဒသမ ၅ သန်း ရှိနေပြီး ဆေးလိပ်သောက်သုံးခြင်းကို လူသိရှင်ကြား တားမြစ်ထားသော်လည်း ဆေးလိပ်သောက်သုံးသူအရေအတွက်မှာ လူဦးရေ၏ ၄၅ ဒသမ ၅၀ ရာခိုင်နှုန်းအထိမြင့်တက်နေခြင်းမှာ အံအားသင့်စရာဖြစ်စေခဲ့သည်။ မြန်မာ နိုင်ငံတွင်ဆေးလိပ်သောက်သုံးခြင်းကို လူသိရှင်ကြားတားမြစ်ထားသော်လည်း အိမ်တွင်းသောက်သုံးခြင်းနှင့်အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် ဆေးလိပ်သောက်သုံးခြင်းကို တားမြစ်ထားခြင်းမရှိကြောင်းလည်း World Atlas တွင် ဖော်ပြခဲ့သည်။
ကမ္ဘာပေါ်တွင် နှစ်စဥ်လူဦးရေရှစ်သန်းခန့်မှာ ဆေးလိပ်သောက်သုံးခြင်းကြောင့် ရောဂါမျိုးစုံရရှိသေဆုံးနေပြီး မြန်မာနိုင်ငံတွင်လည်း ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နှစ်စဉ်လူပေါင်း ၆၄,၀၀၀ ခန့်မှာ ရောဂါမျိုးစုံဖြစ်ပွား၍ အသက်ဆုံးရှုံးလျက်ရှိနေသည်ဟု ကျန်းမာရေးဆိုင်ရာစစ်တမ်းများတွင် ဖော်ပြထားမှူအရ သိရသည်။
ref world atlas