၁၃.၁. ၂၀၂၅
Written By Thandar
Hey Play နဲ့ Forever Group တို့ ပူးပေါင်းတင်ဆက်မယ့် အိမ်ထောင်ရေးဒရာမာဇာတ်လမ်းပုံစံ “ကြင်ဖော်” ဇာတ်လမ်းတွဲ Press Show အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၁၃ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ Jasmine Place Hotel မှာ ကျင်းပခဲ့ပါတယ်။
“ကြင်ဖော်ကတော့ ဇာတ်လမ်းပုံစံ အရမ်းကြီးတဲ့ ဇာတ်လမ်းတွဲလို့ ပြောလို့ရတယ်။ ကြင်ဖော်ဇာတ်လမ်းတွဲက ပေးချင်တဲ့ Message ကတော့ အမျိုးသမီးတွေရဲ့ ဘဝမှာ အိမ်ထောင်ပြုဖို့အတွက် ကြင်ဖော်ကို သူတို့ ရွေးချယ်ကြတယ်။ ကြင်ဖော်ကို ဘယ်လိုပဲ စံနှုန်းတွေနဲ့ ရွေးချယ်ပါစေ ကိုယ်မျှော်မှန်းထားတဲ့ အတိုင်း ဖြစ်မလာ နိုင်ဘူးဆိုတဲ့ Message လေးကို ပေးချင်တာပါ။ ကိုယ်ရွေးချယ်လိုက်တဲ့ ကြင်ဖော်ကြောင့် ကိုယ့်ဘဝ တစ်ဆစ်ချိုး ပြောင်းလဲသွားနိုင်တယ်။ အိမ်ထောင်ရေးဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့အတွက် ပရိသတ်တွေ အမုန်းလောင်ကြရဦးမယ့် ဇာတ်လမ်းတွဲလေးဖြစ်မှာပါ” လို့ ဒါရိုက်တာ ပြည့်ဖြိုးနိုင် (PPN)က ပြောပါတယ်။
ဆရာမ လွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ ဝတ္ထုကို နှစ်
ဦးသဘောတူညီချက်နဲ့ ဇာတ်လမ်းတွဲအဖြစ်ရိုက်ကူးပြီး ဇာတ်ညွှန်းအနေနဲ့ Aeterium Creative ကရေးသားထားသလို ဒါရိုက်တာ ပြည့်ဖြိုးနိုင် (PPN)က ပရိသတ်အကြိုက်တွေ့ စေမယ့် အချစ်အိမ်ထောင်ရေး ဒရာမာဇာတ်လမ်းပုံစံ အပိုင်း ၃၀ စာ ရိုက်ကူးပုံဖော်ထားပါတယ်။
သရုပ်ဆောင်အနေနဲ့ စိုးပြည့်သဇင်၊ နော်ဖောအယ်ထား၊ ဝေလာရီ၊ မေပန်းချီ၊ နက္ခတ်၊ နေလင်းရှိန်း၊ နေထွဋ်၊ မှူးထိပ်ထား၊ ဆုမြတ်နိုးဇင်၊ အေးသီတာ၊ ဒေါ်ဒယ်ဘီ၊ ဝင်း မင်းသန်း၊ အိမ့်ကြာဖြူ၊ သိင်္ဂီမြင့်၊ စင်သီယာ၊ စိန်ပဲကျော်နဲ့အဖွဲ့၊ ကလေးသရုပ်ဆောင်ရွှန်းလဲ့ရူပါနဲ့ သက်မှူးအိမ်စည် အပြင် ဧည့်သည်သရုပ်ဆောင် စိုင်းစည်တွမ်ခမ်းတိုက ပါဝင်ထားကြပါတယ်။
ဒီဇာတ်လမ်းတွဲမှာ တေးရေး ကိုမင်းဇော်ရေးသားထားတဲ့ “အသည်းနုတော့ ကြောက်တာပေါ့” ဇာတ်ဝင်တေးသီချင်းကို စိုးပြည့်သဇင်၊ နော်ဖောအယ်ထားနဲ့ ဝေလာရီတို့ ကိုယ်တိုင် သီဆိုထားကြတာလည်း ဖြစ် ပါတယ်။
“ကြင်ဖော်”ဇာတ်လမ်းတွဲကို Hey Play မှာ ဇန်နဝါရီ ၁၄ ရက် အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့ အထိ ည ၇ နာရီတိုင်း ပြသမှာဖြစ်သလို ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီမှာ MRTV- 4 ရုပ်သံလိုင်းကလည်း ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။