၁၃. ၁. ၂၀၂၅
Written by Thettant
တာမွေမြို့နယ်တွင် နေအိမ် ၇ လွှာပေါ်က မတော်တဆပြုတ်ကျသည့် အမျိုးသမီးတစ်ဦး ပခုံးရိုးနှင့် ခြေထောက်ကျိုး ဒဏ်ရာရများ ရရှိမှု ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း Yangon Rescue Organization(YRO) မှ သိရသည်။
ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ ကျောက်မြောင်းလမ်းနေ အမျိုးသမီး(၁)ဦးသည် နေအိမ် (၇)လွှာမှ တိုက်အောက်သို့ မတော်တဆပြုတ်ကျမှု ဖြစ်စဥ်တစ်ခု ယမန်နေ့ ဇန်နဝါရီ ၁၂ ရက် သန်းခေါင်ယံအချိန် ည ၁၁ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သည်။
ထိုဖြစ်စဥ်သို့ YRO ၏ အဖွဲ့ဝင် ” မြန်မာမွတ်စလင်မ် “- ပရဟိတအဖွဲ့ (တာမွေ)မှ စေတနာ့ဝန်ထမ်းများသွားရောက်ကူညီခဲ့ရာ ပြုတ်ကျသည့် အမျိုးသမီးမှာ ပါးစောင်ကွဲ၊ ပခုံးရိုးကျိုး၊ ခြေထောက်ကျိုးသည့် ဒဏ်ရာများ ရရှိခဲ့သဖြင့်လူနာအား ဖြစ်စဥ်နေရာမှာ ” အထွေထွေရောဂါကုဆေးရုံ(လမ်းမတော်) ” YGH-သို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ – မြန်မာမွတ်စလင်မ် ပရဟိတ