၁၃.၁.၂၀၂၅
Written By Thandar
အူရီဒူးမြန်မာက နိုင်ငံတစ်ဝန်းက အကောင်းဆုံးဂိမ်းကစား သမားတွေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ Gameverse Champion League ပြိုင်ပွဲ Grand Final ကို ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ Times City Outdoor Area မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။
Semi-Final ပွဲစဉ်တွေကို ဇန်န၀ါရီလ ၁၁ ရက်နေ့က ကျင်းပသွားပြီး Grand Final ပွဲစဉ်တွေကို ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ကျင်းပခဲ့ကာ Gameverse Champion League ပြိုင်ပွဲကြီး တစ်ခုလုံးအတွက် အူရီဒူးမြန်မာက ဆုကြေးငွေ ကျပ်သိန်း ၃၂၀ ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး Mobile Legends (MLBB) ချန်ပီယံအသင်း အနေနဲ့ AI Esports အသင်းက အနိုင်ရရှိခဲ့ပါတယ်။
“ကျွန်တော်တို့ ချန်ပီယံဆုကို ရရှိခဲ့တဲ့အတွက် အရမ်းလည်း ပျော်ပါတယ်။ ခုလို စင်ပေါ် ဆော့ကစားတာကို ညပိုင်းအထိ အွန်လိုင်းကရော ဒီမှာရောလာအားပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ဒီနှစ်စပိုင်းမှာ လိုင်းတွေ အဆင်မပြေတာတွေရှိခဲ့ပေမယ့် အခက်အခဲကြားက Back to Back Champion ရအောင်လုပ်ဆောင်နိုင်ခဲ့ပါပြီ။ နောက်ပိုင်းမှာ ဒီထက်ကောင်းအောင် အသင်းကို ပြင်ဆင်ပြီးတော့ ထပ်လာခဲ့ပါဦးမယ် ”လို့ Mobile Legends (MLBB) ချန်ပီယံသင်းဖြစ်တဲ့ AI Esports အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဖိုင်နယ်မှာ Mobile Legends (MLBB) ကို Falcon Esports အသင်းနဲ့ AI Esports အသင်းတို့က ပြိုင်ပွဲကြီး မှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရာ AI Esports အသင်းက ၃ ပွဲအနိုင်ရရှိခဲ့ပြီး နဲ့ Falcon esports အသင်းက ၁ ပွဲအ နိုင်ရရှိခဲ့ကာ AI Esports အသင်းက ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကြီးမှာတော့ ပျော်ရွှင်စရာ အစီအစဉ်တွေ အပြင် Team 143 အဖွဲ့က ပရိသတ်တွေအတွက် တေးသီချင်းတွေကိုလည်း တိုက်ရိုက် ဖျော်ဖြေတင်ဆက်မှု ပြုလုပ်ခဲ့ပါတယ်။
Gameverse Champion League ပြိုင်ပွဲကြီးမှာတော့မှာတော့ Mobile Legends (MLBB) နဲ့ အခြား Casual ဂိမ်းတွေအပါအဝင် အခြားထင်ရှားတဲ့ ဂိမ်းတွေလည်း ပါဝင်ခဲ့ပါတယ်။ အူရီဒူးမြန်မာက Gameverse Champion League ပြိုင်ပွဲကြီး တစ်ခုလုံးစာအတွက် ဆုကြေးငွေ ကျပ် သိန်း ၃၂၀ ပေးအပ်ချီးမြှင့်တာလည်းဖြစ်ပြီး ရန်ကုန်၊ ပုသိမ်၊ တောင်ကြီး နဲ့ မန္တလေးတိုင်းတို့က ဒေသတွင်းအသင်းတွေ ပါဝင်ကစားခဲ့ရာ Title ဆုတွေအသီးသီးနဲ့ အနိုင်ရရှိခဲ့ကြပါတယ်။