၁၂.၁. ၂၀၂၅
Wtitten by MMAK
◾ အာဆင်နယ် Vs မန်ယူ
မန်ယူအသင်းက နောက်ဆုံးပွဲမှာ လီဗာပူးအသင်းကို သရေကစားနိုင်ခဲ့တယ်ဆိုပေမဲ့ ခြေစွမ်းက တိုးတက်လာခြင်းမရှိသေးပါဘူး။ အာဆင်နယ်အသင်းက လက်ရှိအချိန်မှာ အတည်ငြိမ်ဆုံးကစားကွက်နဲ့ ပုံစံကောင်းရနေတာကို တွေ့ရပါတယ်။ FA ဖလားပွဲဆိုပေမဲ့ အသင်းကြီးအချင်းချင်း ဖြစ်တာကြောင့် အဓိက ကစားသမားတွေကို ပွဲထုတ်ကစားလာနိုင်ပြီး မိနစ်ကိုးဆယ်အတွင်း အရှုံးအနိုင်အဖြေပေါ်သွားနိုင်ပါတယ်။ အာဆင်နယ်အသင်းက တစ်လုံးသွင်းရင်တောင် တစ်ဝက်လောက်ဘဲ အနိုင်ရမယ်ဆိုတဲ့ အနေအထားမှာ အာဆင်နယ်အသင်းကိုဘဲ ရွေးချယ်ရမှာပါ။ အာဆင်နယ်အသင်းက နောက်ပွဲမှာ စပါးအသင်းနဲ့ လန်ဒန်ဒါဘီပွဲ ကစားရမှာ ဖြစ်ပေမဲ့ အခုကစားမဲ့ မန်ယူအသင်းနဲ့ အိမ်ကွင်းပွဲကလည်း ဂုဏ်သိက္ခာအရ အရေးကြီးပါတယ်။ အိမ်ကွင်းဖြစ်တာကြောင့် အရန်ကစားသမား သုံးယောက်လောက်ကို အသုံးပြုလာနိုင်ပြီး အဓိက ကစားသမားတွေ လူစုံထုတ်ကစားလာနိုင်တဲ့ အာဆင်နယ်အသင်းကို ကြိုက်ပါတယ်။
◾ နယူးကာဆယ် Vs ဘရွန်လေ
နယူးကာဆယ်အသင်းက ခုနှစ်ပွဲဆက် နိုင်ပွဲရရှိထားမှုနဲ့အတူ တော်တော်လေး ကောင်းလာပါတယ်။ နောက်ဆုံးလေးပွဲမှာဆို ဗီလာ ၊ မန်ယူ ၊ စပါး ၊ အာဆင်နယ်တို့လို အသင်းကြီးတွေကို ဂိုးပြတ်တွေနဲ့ အနိုင်ရခဲ့ပါတယ်။ ဘရွန်လေက လိဂ် – ၂ ကလပ်ဖြစ်တာကြောင့် နယူးကာဆယ်အသင်းအနေနဲ့ အရန်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို ပွဲထုတ်လာမှာ သေချာပါတယ်။ နယူးကာဆယ်အသင်းက အရန်တွေနဲ့ ပွဲထွက်လာရင်တောင် တိုက်စစ်မှာ အယ်မီရွန် ၊ ဟာဗေးဘန်း ၊ အွန်ဆူလာတို့လို ကစားသမားတွေကို အသုံးပြုလာနိုင်တာကြောင့် ဂိုးပြတ်နိုင်ဖို့ မခက်ပါဘူး။ သုံးဂိုးသွင်းမှ ကြေးစားရမှာ ဖြစ်ပေမဲ့ နယူးကာဆယ်အသင်းက တိုက်စစ်အားသန်လွန်းပြီး အသင်းငယ်လေးနဲ့ တွေ့နေချိန်မှာ အရန်ကစားသမားတွေ ဂိုးသွင်းလေ့ကျင့်ရမဲ့ပွဲပါ။ အဖွင့်ဂိုးတစ်ဂိုးလောက် စောစောစီးစီးရတာနဲ့ သုံးဂိုးပြတ်ဖို့ မခက်တာကြောင့် အိမ်ရှင်နယူးကာဆယ်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ ပဲလေ့စ် Vs စတော့ပေါ့ကောင်တီ
စတော့ပေါ့ကောင်တီအသင်းက လိဂ်- ၂ က အသင်းတစ်သင်းဖြစ်ပြီး သုံးဆင့်လောက်ကွာတဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် ပဲလေ့စ်အသင်းရဲ့ ပြိုင်ဘက်မဟုတ်ပါဘူး။ ပဲလေ့စ်အသင်းက အိမ်ကွင်းကောင်းတဲ့ အသင်းတစ်သင်းဖြစ်သလို အရန်ကစားသမားတွေနဲ့ ပွဲထွက်လာရင်တောင် နှစ်ဂိုးမပြတ်စရာ မရှိပါဘူး။ နှစ်လုံးသွင်းမှ ကြေးစားရမှာ ဖြစ်ပေမဲ့ အနိုင်သေချာနေပြီး တစ်ဂိုးနဲ့နိုင်မလား နှစ်ဂိုးပြတ်နိုင်မလားဆိုတာဘဲ စောင့်ကြည့်ရမှာပါ။ ပဲလေ့စ်အသင်းက နောက်ပွဲမှာလည်း လက်စတာအသင်းကို အိမ်ကွင်းပွဲကစားရမှာ ဖြစ်တာကြောင့် ပွဲကြပ်မနေဘဲ အဓိက ကစားသမားအချို့ကိုတောင် အသုံးပြုလာနိုင်ပါတယ်။ အိမ်ကွင်းမှာ နှစ်ဂိုးပြတ်လောက် နိုင်အောင်ကန်ထားပြီး ပွဲချိန်နောက်ပိုင်းလောက်မှ လူငယ်ကစားသမားတွေကို အသုံးပြုလာနိုင်ပါတယ်။ ပဲလေ့စ်အသင်းရဲ့ အိမ်ကွင်းမှာတော့ နှစ်ဂိုးပြတ်အနိုင်ရပြီး နောက်တစ်ဆင့်တက်ဦးမှာပါ။
◾ဗင်နီဇီယာ Vs အင်တာမီလန်
တန်းဆင်းဇုန်ထဲက ဗင်နီဇီယာအသင်းက အင်တာမီလန်အသင်းရဲ့ ပြိုင်ဘက်မဟုတ်ပါဘူး။ စီးရီအေမှာ အင်တာမီလန်အသင်းက တခြားအသင်းတွေထက် ခြေစွမ်းပိုကောင်းသလို တစ်ဆင့်ပိုမြင့်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ အေစီမီလန်နဲ့ ကိုပါဖလားပွဲမှာ နှစ်ဂိုးပြတ်အနိုင်ကနေ သုံးဂိုးပြန်ပေးခဲ့ရပြီး ဖလားတစ်လုံး ဆုံးရှုံးခဲ့တာကြောင့် စီရီးအေဖလားကို ပိုမိုအာရုံစိုက် ကစားလာတော့မှာပါ။ အဝေးကွင်းမှာ နှစ်ဂိုးပြတ်မှ ကြေးစားရမှာ ဖြစ်ပေမဲ့ ဘော်ဒီပေါက်ကြေးနဲ့ ဂိုးပေါင်းကြေးက မျှတမှုရှိသလို အင်တာမီလန်အသင်း တစ်ဂိုးနဲ့ ကပ်နိုင်မလား နှစ်ဂိုးပြတ်မလားဘဲ စောင့်ကြည့်ရမှာပါ။ တခြားအသင်းကြီတွေ ဖြစ်တဲ့ နာပိုလီနဲ့ အတ္တလန်တာအသင်းတို့တောင် ဒီလိုပေါက်ကြေးမျိုး လိုက်မပေးနိုင်ဘဲ အင်တာမီလန်တစ်သင်းတည်းကသာ ပေးနိုင်တဲ့ ပေါက်ကြေးမျိုး တွေ့ရတာကြောင့် ဒီပွဲမှာ အနိုင်ရလဒ်ပြန်လည်ရယူပြီး နှစ်ဂိုးပြတ်အနိုင်ရသွားမဲ့ အင်တာမီလန်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ရီးရဲမက်ဒရစ် Vs ဘာစီလိုနာ
စပိန်စူပါကပ် ဗိုလ်လုပွဲဖြစ်ပြီး ဆော်ဒီနိုင်ငံမှာ သွားရောက်ကစားမှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက လူငယ်ကစားသမားတွေနဲ့ အကောင်းဆုံးတည်ဆောက်နေတာဖြစ်ပြီး ရီးရဲအသင်းကတော့ ကမ္ဘာ့အဆင့် ကစားသမားတွေ ဖြစ်တဲ့ ဗင်နီစီးယက် ၊ အမ်ဘာပေ ၊ ဘယ်လင်ဂမ်တို့လို့ ကစားသမားတွေနဲ့ တည်ဆောက်ထားတာကြောင့် အရေးအကြောင်းဆိုရင် အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတွေက ရီးရဲအသင်းမှာ ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စူပါကပ်ဗိုလ်လုပွဲမှာ ရီရဲအသင်းက လေးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့သလို အခုနှစ်မှာလည်း ထပ်နိုင်ဦးမှာပါ။ လက်ရှိအချိန်မှာ ရီးရဲအသင်းရဲ့ ခြေစွမ်းက အကောင်းဆုံးအနေအထားမှာ ရှိနေပြီး အမှတ်ပေးပြိုင်ပွဲမှာ ဂိုးပြတ်ရှုံးထားတဲ့ ရီးရဲအသင်း လက်စားချေနိုင်ပွဲရယူသွားမှာပါ။ ပေါက်ကြေးအနေအထားမှာ ကြိုက်တဲ့အသင်းကနေထိုင်ခွင့်ရှိတဲ့ ဒဲ့အနေအထားမျိုး ပေါက်နေတာကြောင့် ရီးရဲအသင်းဘက်က နေချင်ပါတယ်။
◾ လိုက်ဇစ် Vs ဝါဒါဘရီမင်
ဒီရာသီမှာ ဝါဒါဘရီမင်အသင်းရဲ့ကစားပုံက တော်တော်လေး ကောင်းနေတာကို တွေ့ရပေမဲ့ ခြေစွမ်းအကျဘက်ရောက်နေတာက လိုက်ဇစ်အသင်း ဖြစ်ပါတယ်။ လိုက်ဇစ်အသင်းပေးထားတဲ့ တစ်ဂိုးသွင်းရင် ကြေးအောင်မယ်ဆိုတဲ့ ပေါက်ကြေးက အရမ်းပျော့နေပြီး ကြေးအောင်ဖို့ ခက်ခဲတဲ့ ပေါက်ကြေးလို့ ပြောရမှာ ဖြစ်ပါတယ်။ နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှုတွေမှာ ဝါဒါဘရီမင်အသင်းက အသာရထားတာ တွေ့ရသလို အခုလိုမျိုး ခြေစွမ်းအတက်ဘက်ရောက်နေချိန်မှာ လိုက်ဇစ်အသင်းအနေနဲ့ အနိုင်ရဖို့ ခက်ပါတယ်။ ဘော်ဒီကြေးမအောင်နိုင်ဘူးလို့ ယူဆထားရင် လိုက်ဇစ်အသင်း ဂိုးများများ မရနိုင်ဘူးလို့ သုံးသပ်တာကြောင့် လေးဂိုးသွင်းမှ ဂိုးပေါ်အောင်မဲ့ ဂိုးပေါင်းကြေးကိုလည်း မကြိုက်ပါဘူး။ ပေါက်ကြေးကို သဘောမကျသလို လက်ရှိခြေစွမ်းအရလည်း ဝါဒါဘီရီမင်အသင်းက ပိုကောင်းတဲ့ အသင်းဖြစ်တာကြောင့် ဒီပွဲစဥ်မှာ ဝါဒါဘရီမင်ဘော်ဒီကို သဘောကျပါတယ်။ တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားမယ်ထင်တာကြောင့် လေးဂိုးပြည့်မှ ကြေးစားရမှာမို့ ဂိုးပေါင်းအပေါ်ကိုလည်း မကြိုက်ပါဘူး။ ဒီအတွက်ကြောင့် ဝါဒါဘရီမင်နဲ့ ဂိုးအောက် နှစ်မျိုးလုံးကို ရွေးချယ်ပေးချင်ပါတယ်။