၁၂.၁.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ စမ်းချောင်းလမ်းရှိ Space Ace Bar စားသောက်ဆိုင်တွင် ဇန်နဝါရီလ ၁၁ ရက် နံနက် ၁၁ နာရီ ၁၃ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“Air Con Indoor ထဲက Fan motor အပူလွန်ရာကနေ မီးပွားထွက်ရင်းက အသံလုံဖော့ပြားကို မီးကူးစက်ပြီး မီးစလောင်တယ်လို့ သိရတယ်”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။
မီးလောင်မှုမှာ ၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး မီးလောင်မှုကြောင့် Air Con Indoor တစ်လုံး၊ ဝါယာကြိုးများ၊ အသံလုံဖော့ချပ်နှင့် ဆလိုက်မီးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၁ စီး သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ကျော်ဖြင့် ငြိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၁၈ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
Bar မီးလောင်မှုကြောင့် အသက် ၃၈ နှစ်အရွယ် ဆိုင်မန်နေဂျာကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် စမ်းချောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။