၁၂.၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊လော့စ်အိန်ဂျယ်လက်စ်ခရိုင်အတွင်း ပြင်းထန်စွာလောင် ကျွမ်းနေတဲ့ တောမီးတွေကြောင့် ဒီရက်သတ္တပတ်အတွင်းသေဆုံးရသူဦးရေဟာ ၁၆ ဦးအထိရှိလာပြီလို့ လော့စ်အိန်ဂျယ်လက်စ်ခရိုင် ဆေးစစ်ဆေးရေးအဖွဲ့က ဇန်နဝါရီလ ၁၁ ရက်မှာ ပြောခဲ့ပါတယ်။
သေဆုံးသူတွေက ခရိုင်အတွင်း တောမီးအပြင်းထန်ဆုံးနဲ့ အကျယ်ပြန့်ဆုံး လောင်ကျွမ်းနေတဲ့ Palisades နဲ့ Eaton ဝန်းကျင်ဒေသတွေအတွင်းမှာဖြစ်ပြီး Palisades ဒေသအတွင်းငါးဦးနဲ့ Eaton ဒေသအတွင်း ၁၁ ဦးဖြစ်ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် မီးလောင်ကျွမ်းမှုကပြင်းထန်နေဆဲဖြစ်လို့ သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဆိုကြပါတယ်။
ငါးရက်ခန့်ရှိလာပြီဖြစ်တဲ့ လော့စ်အိန်ဂျယ်ခရိုင် တောမီး လောင်ကျွမ်းမှုမှာ မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း နာရီနဲ့အမျှ အနားမရဘဲ တောမီးကို ရင်ဆိုင်နေကြရပါတယ်။ ကမ်းရိုးတန်းဒေသဖြစ်တဲ့ Palisades ဝန်းကျင်ဒေသမှာဆိုရင် အနည်းဆုံး ၁၁ ရာခိုင်နှုန်းခန့် တောမီးလောင်တာကိုထိန်းချုပ်နိုင်ခဲ့တယ် ဆိုပါတယ်။
ဒါပေမယ့် လောစ်အိန်ဂျယ်လက်စ် တောမီးလောင်ကျွမ်းမှုက ကုန်းတွင်းပိုင်း ဘရန့်ဝုဒ်(Brentwood) မြို့ကို ကျော်ဖြတ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်ဘက်ကို ဆက်လက်ပျံ့နှံ့လာနေတာမို့ အကြီးမားဆုံးတောမီးလောင်ကျွမ်းမှုအဖြစ် ရောက်ရှိလာနိုင်ခြေရှိနေပါတယ်။
လောစ်အိန်ဂျယ်လက်စ် တောမီးကြောင့် ခရိုင်အတွင်း မြေဧက ၃၆,၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီဖြစ်ပါတယ်။ ဒ့ါအပြင် ဇန်နဝါရီလ ၁၁ ရက်အထိ ပဲရစ် ဟီလ်တန်နဲ့ မဲယ်ဂစ်ဆင်တို့လို နာမည်ကျော်သရုပ်ဆောင်တွေရဲ့ စံအိမ်တွေအပါအဝင် အဆောက်အအုံ ၁၀,၀၀၀ ကျော် မီးလောင်ပျက်စီးသွားခဲ့ပြီး ကား အမြောက်အမြားလည်း တောမီး လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
Ref- CNN