၁၂. ၁. ၂၀၂၅
Written by Nay Moe
ယနေ့ကျရောက်သော ၆၂ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် PSLF/TNLA က အမျိုးသမီးများအပေါ် ကျူးလွန်ထားသူများ၊ လူကုန်ကူးမှုနှင့် လူသတ်မှုကျူးလွန်ထားသူ အကျဉ်းသား (၅၅)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးလိုက်သည်။
အဆိုပါ အကျဉ်းသားများသည် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု၊ အမျိုးသမီးများအပေါ် ကျူးလွန်မှု၊ အကြမ်းဖက်မှု၊ လူသတ်မှု၊ လူကုန်ကူးမှု၊ ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများ ကျူးလွန်ထားကြသူများ ဖြစ်ကြသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် ကျရောက်သည့် (၆၁)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကလည်း PSLF/TNLA က အကျဉ်းသား ၂၃၂ ဦး လွှတ်ပေးပြီး ၆၀ ဦးအား ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သည်။