◾ PDF များက အကြောင်းအမျိုးမျိုးကြောင့် ဝှက်ထားသည်ဟုယူဆရ
၁၂.၁.၂၀၂၅
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင်လက်ပစ်ဗုံး ၇ လုံးကို ပလုံံကောက်သည့် ကလေးငယ်တစ်ဦးက တွေ့ရှိခဲ့ကြောင်း လုံခြုံရေးနှင့်နီးစပ်သူတစ်ဦးကပြောသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် မွန်းတည့်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်တွင် ဆယ်ကျော်သက်အရွယ် ပလုံကောက်သော ကလေးငယ်က အမှိုက်ပုံးအတွင်းက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“လက်ပစ်ဗုံးတွေ့တာဟုတ်တယ်။ အဲဒီဗုံးသီးတွေက PDF တွေထဲက တစ်စုံတစ်ယောက်၊ တစ်နေရာရာကို ဖောက်ခွဲဖို့စီစဉ်ရင်းနဲ့ လူသိသွားမှာစိုးလို့ ဝှက်ထားတာလည်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် မလုပ်ဖြစ်တော့လို့ လွှင့်ပစ်တာလည်းဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဗုံးပေါက်ကွဲတာမျိုးမဖြစ်အတွက် ကံကောင်းတယ်ပဲပြောရမှာပေါ့”ဟုလုံခြုံရေးနဲ့နီးစပ်သူတစ်ဦးက MT News ကို သုံးသပ်ပြသည်။