၁၂. ၁. ၂၀၂၅
Written by Nay Moe
အမျိုးသမီးငယ် နှစ်ဦးအပါအဝင် လူ ၈ ဦးကို သတ်ဖြတ်လုယက်သည့်အပြင် ဖောက်ခွဲတိုက်ခိုက်မှုများ ကျူးလွန်ထား၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် ထောင်ကျနေသူ မအူပင် PDF မှ အကျဥ်းသားမျိုးမင်းဦးမှာ ဆီးကျောက်ရောဂါဖြစ်ပွားသဖြင့် ပြင်ပပဲခူးဆေးရုံကြီးသို့ ၁၅ ရက်ကြာ တက်ရောက်ကုသခွင့်ရသော်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်တွင် ပုဒ်မ၅၁(ဂ)/၅၂(ခ) တို့ဖြင့် ထောင်ဒဏ်(၁၁)နှစ် အကျဉ်းချခံထားရသူ မအူပင် PDF အဖွဲ့မှ PDF အကျဥ်းသား မျိုးမင်းဦးသည် လူ ၈ ဦးကိုသတ်ဖြတ်မှု၊ ဖောက်ခွဲဖျက်ဆီးမှုများဖြင့် ဖမ်းဆီးခံရသည့် Black Dragon Force Pyapon-BDFP နှင့် မအူပင် PDF တို့မှ အမှူတွဲဖြစ်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာ လ (၁၇)ရက်နေ့တွင်ဖမ်းမိခဲ့သူဖြစ်ကာ အင်းစိန်အကျဥ်းထောင်တွင် ပုဒ်မ၅၁(ဂ)၊ ၅၂(ခ)တို့ဖြင့် အမှုဖွင့်၍ အကျဉ်း ချခံခဲ့ရသည်။ ၂၀၂၄ ခုနှစ် မေလ(၃၁)ရက်နေ့တွင် အမိန့်ကျပြီးနောက် အင်းစိန်အကျဥ်းထောင်မှ ဒိုက်ဦးထောင်သို့ ပြောင်းရွှေ့ အကျဉ်းချခံခဲ့ရပြီး ဒိုက်ဦးထောင်အတွင်း၌ အကျဉ်းကျခံနေစဉ် ဆီးကျောက်ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားခဲ့ရသဖြင့် ယမန်နှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့တွင်မှ ပဲခူးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဇန်နဝါရီလ(၁၀)ရက်နေ့တွင် အကျဉ်းသား မျိုးမင်းဦး သေဆုံးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦးနည်းတူ လူ ၈ ဦးကို လုယက်သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် အမှုတွဲမှ Black Dragon Force Pyapon-BDFP ၏ ခေါင်းဆောင်ဖြစ်သူ စံလင်းစံသည်လည်း ကျူးလွန်သည့် သတ်ဖြတ်လုယက်မှုများကြောင့် သေဒဏ်ကျခံနေရချိန် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က ဦးခေါင်းရေအိတ်တည်ရောဂါဖြင့် ပုသိမ်ထောင်တွင် သေဆုံးခဲ့သည်။
◾ စံလင်းစံ သေဆုံးမှုသတင်းဖတ်ရှုရန်
ပုံစာ။ စံလင်းစံနှင့် မျိုးမင်းဦးတို့၏ BDFP နှင့် မအူပင် PDF တို့ သတ်ဖြတ်ခဲ့သူများ မြင်ကွင်း။