၁၁. ၁. ၂၀၂၅
Wtitten by MMAK
◾ လက်စတာ Vs QPR
ပရီးမီးယားလိဂ်ပွဲစဥ်တွေကို ရပ်နားထားပြီး FA ဖလားပွဲစဥ်တွေကို ယှဥ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပွဲစဥ်နှစ်ဆယ်လောက်ထိ ကစားဖို့ရှိပေမဲ့ လိဂ်အဆင့်အတန်းကွာခြားမှုတွေကြောင့် ပေါက်ကြေးပြင်းပြင်းတွေ ပေါက်နေပြီး အသင်းကြီးတွေဟာ အရန်ကစားသမားတွေ ပွဲထွက်လာပြီဆိုရင် ကြေးအပြောင်းအလဲ ကြီးမားတတ်တာကြောင့် စိတ်ကြိုက်ဖြစ်တဲ့ ပွဲစဥ်တွေကိုပဲ ရွေးချယ်သုံးသပ်ထားပါတယ်။ QPR အသင်းက ချန်ပီယံရှစ်ကလပ်ဆိုပေမဲ့ လက်စတာအသင်းကို အကောင်းဆုံးယှဥ်ကစားနိုင်တဲ့ အသင်းကောင်းတစ်သင်း ဖြစ်ပါတယ်။ တိုက်စစ်အသားပေး ကစားတတ်တာကြောင့် သွင်းဂိုးသွင်းနိုင်သလို ပေးဂိုးများတာကိုလည်း တွေ့ရပါတယ်။ လက်စတာအသင်းကတော့ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပြီး နောက်ဆုံးငါးပွဲဆက် ရှုံးပွဲနဲ့အတူ တန်းဆင်းဇုန်ထဲမှာ ရောက်ရှိနေပါတယ်။ ဒီပွဲမှာ လက်စတာအသင်းက အဓိက ကစားသမားအချို့ကို အနားပေးလာနိုင်ပေမဲ့ အိမ်ကွင်းဖြစ်နေတာကြောင့် နိုင်ပွဲရယူပြီး နောက်တစ်ဆင့်တက်ဖို့ ကြိုးစားလာမှာပါ။ ဒီပွဲမှာ လက်စတာအသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ နှစ်သင်းလုံးက တိုက်စစ်အသားပေး ကစားတတ်တာကြောင့် တစ်ဖက်တစ်ဂိုးစီ မြင်ရနိုင်ပြီး ဖလားပွဲ ဖြစ်နေတာကြောင့် မိနစ်ကိုးဆယ်အတွင်း အရှုံးအနိုင်အဖြေပေါ်အောင် ကစားလာနိုင်ပါတယ်။ ဒီနှစ်သင်းထိပ်တိုက်တွေ့တိုင်း အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်လေ့ရှိတာကြောင့် အခုပွဲစဥ်မှာလည်း ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ အမ်ပိုလီ Vs လက်ချီ
အမ်ပိုလီအသင်းရဲ့ ခြေစွမ်းနဲ့ကစားကွက်က အဆင့်တစ်ခုမှာရှိနေတယ်ဆိုတာကို တွေ့ရပါတယ်။ နောက်ဆုံးပွဲမှာ သရေကျခဲ့ပြီး ရှေ့ကသုံးပွဲလုံး ရှုံးပွဲတွေ့ထားတဲ့ အမ်ပိုလီအသင်းအနေနဲ့ အခုပွဲစဥ်ဟာ နိုင်ပွဲပြန်ရဖို့ အကောင်းဆုံးပွဲစဥ် ဖြစ်ပါတယ်။ ဒီပွဲပြီးရင် အင်တာမီလန်၊ ဘိုလော့ညာနဲ့ ဂျူဗင်တပ်အသင်းတို့လို အသင်းကြီးတွေနဲ့ ကစားရမှာ ဖြစ်တဲ့အတွက် အခုအိမ်ကွင်းပွဲဟာ နိုင်ပွဲပြန်ရဖို့ အကောင်းဆုံး ဖော်မြူလာပွဲ ဖြစ်ပါတယ်။ တန်းဆင်းဇုန်ထဲက လက်ချီအသင်းရဲ့ ခြေစွမ်းက သာမာန်အနေအထားဖြစ်ပြီး အဝေးကွင်းကိုးပွဲမှာ တိုက်စစ်က နှစ်ဂိုးသာ သွင်းထားနိုင်တဲ့ တိုက်စစ်က တော်တော်လေးကို ညံ့ပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်အမ်ပိုလီအသင်းက ဘော်ဒီကြေး သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံး တစ်ဆယ်အရှုံး ဖြစ်ပါတယ်။ အဝေးကွင်းတိုက်စစ် ဆိုးရွားလွန်းတဲ့ လက်ချီအသင်းအနေနဲ့ အမ်ပိုလီအသင်းကသာ သွင်းဂိုးရသွားရင် ချေပဂိုးပြန်သွင်းနိုင်ဖို့ ခက်ပါတယ်။ အမ်ပိုလီအသင်းက နှစ်ဂိုးလောက်ထိ သွင်းယူနိုင်တယ်လို့ ယူဆထားပြီး လက်ချီအသင်းက နှစ်ဂိုးလောက်ထိ ပြန်သွင်းနိုင်ဖို့ မလွယ်ကူတာကြောင့် အမ်ပိုလီအသင်းဘော်ဒီကို ရွေးချယ်ကစားသင့်ပါတယ်။
◾ဟော့ဖန်ဟိမ်း Vs ဝုလ်ဘတ်
ဝုလ်ဘတ်အသင်းက တိုက်စစ်အသားပေး ကစားတတ်တာကြောင့် သွင်းဂိုးများသလို ပေးဂိုးလည်းများပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲလုံး အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်ထားတာကို တွေ့ရပါတယ်။ ဟော့ဖန်ဟိမ်းအသင်းကတော့ ဒီရာသီမှာ တော်တော်လေး ရုန်းကန်နေရပြီး တိုက်စစ်က ထင်သလောက်အလုပ်မဖြစ်သလို ခံစစ်ကလည်း တော်တော်လေးညံ့ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဟော့ဖန်ဟိမ်းအသင်းက ဘော်ဒီကြေး ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်စား ဖြစ်ပါတယ်။
ဘော်ဒီကြေးပျော့နေပေမဲ့ ဂိုးပေါင်းကြေးက ပြင်းနေတာကြောင့် အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရနိုင်တဲ့ ပေါက်ကြေး ဖြစ်ပါတယ်။ ဟော့ဖန်ဟိမ်းအသင်းက အထက်ကြေးပြန်ပေါက်နေသလို အိမ်ကွင်းဆိုရင် တိုက်စစ်ဖွင့်ကစားတတ်တာကြောင့် ဒီပွဲက တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမယ်ထင်ပါတယ်။ စနေညဘွန်ဒက်လီဂါ ပွဲစဥ်တွေထဲမှာ ဂိုးပေါ်ဖြစ်နိုင်ဖို့ အကောင်းဆုံးပွဲစဥ် ဖြစ်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ စိန့်ပေါ်လီ Vs ဖရန့်ဖတ်
ဖရန့်ဖတ်အသင်းက အရမ်းကောင်းနေတဲ့ ခြေစွမ်းကနေ ပြန်လည်ကျဆင်းသွားခဲ့ပြီး နောက်ဆုံးငါးပွဲမှာ တစ်ပွဲသရေကျကာ လေးပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ အိမ်ရှင်စိန့်ပေါ်လီအသင်းက အဝေးကွင်း ရလဒ်တွေကောင်းပေမဲ့ အိမ်ကွင်းရလဒ်က သိပ်မကောင်းပါဘူး။ ဒီပွဲမှာ အဝေးကွင်း ဖရန့်ဖတ်အသင်းက ဘော်ဒီကြေး ပြားခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ဖြစ်ပါတယ်။ ငါးပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ ဖရန့်ဖတ်အသင်းအနေနဲ့ ဒီပွဲမှာ နိုင်ပွဲပြန်ရမယ်ဆိုရင် ဘော်ဒီကြေးကို အနည်းဆုံး သရေအရှုံးလောက်ထိ ပေးသင့်တာ ဖြစ်ပေမဲ့ ပြားခြောက်ဆယ်အရှုံးလောက်ပဲ ပေးထားတဲ့ ဘော်ဒီကြေးက အနိုင်ရဖို့မလွယ်ကူဘူးလို့ ယူဆလို့ရပါတယ်။ ဂျာမန်ဘွန်ဒက်လီဂါ ပွဲစဥ်တွေဟာ ဆောင်းရာသီကာလ ရက်နှစ်ဆယ်ကျော်ကြာ ရပ်နားထားတာကြောင့် အခုညကစားမဲ့ ပွဲစဥ်တွေဟာ အားပြည့်အင်ပြည့်နဲ့ ကစားကြမဲ့ ပွဲစဥ်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ပေါက်ကြေးအရ ဖရန့်ဖတ်အသင်းကို မကြိုက်သလို တန်းဆင်းဇုန်အထက်နားကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားလာမဲ့ အိမ်ရှင် စိန့်ပေါ်လီအသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ယူဒီးနီး Vs အတ္တလန်တာ
ခြေစွမ်းအရမ်းကောင်းနေတဲ့ အတ္တလန်တာအသင်း နောက်ဆုံးကစားခဲ့တဲ့ ဖလားပွဲမှာ အင်တာမီလန်အသင်းကို ရှုံးနိမ့်ခဲ့ပေမဲ့ ခြေစွမ်းက ကောင်းဆဲပါဘဲ။ အိမ်ရှင်ယူဒီးနီးအသင်းကလည်း နောက်ဆုံးသုံးပွဲဆက် ရှုံးပွဲမရှိဘဲ ခြေစွမ်းကောင်းနေတာကြောင့် လျှော့တွက်လို့မရဘဲ အတ္တလန်တာအသင်းကို ဒုက္ခကောင်းကောင်း ပေးနိုင်ပါတယ်။ ဒီပွဲမှာ အဝေးကွင်းအတ္တလန်တာအသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ ဒီလိုပေါက်ကြေးတွေက အပေါ်စုံအောင်ဖို့ ခက်ခဲတတ်ပြီး အောက်ကြေးတစ်ခုတော့ ပြန်စားတတ်ပါတယ်။ အိမ်ရှင်ယူဒီးနီးအသင်းကလည်း ဂိုးသွင်းအားရှိသလို အတ္တလန်တာအသင်းကလည်း တိုက်စစ်အသားပေးတဲ့အသင်းတွေ ဖြစ်ပေမဲ့ ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စားဆိုတဲ့ ပေါက်ကြေးဟာ ဂိုးပေါ်ခေါ်နေတယ်လို့ ထင်ပါတယ်။ တကယ်တော့ ဂိုးပေါင်းကြေးက သုံးလုံးကို ငါးဆယ်စားလောက်ထိ ပေးသင့်တာ ဖြစ်ပေမဲ့ အခုပေါက်နေတဲ့ ဂိုးပေါင်းကြေးက ဂိုးပေါ်မသွားနိုင်တဲ့ ပေါက်ကြေး ဖြစ်ပါတယ်။ အတ္တလန်တာအသင်းနိုင်ခဲ့ရင် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားပြီး မနိုင်ရင် တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားနိုင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။
◾ဂလာဘတ် Vs ဘိုင်ယန်မြူးနစ်
ဂလာဘတ်အသင်းက ဘိုင်ယန်အသင်းနဲ့တွေ့ပြီဆိုရင် ဒုက္ခကောင်းကောင်းပေးတတ်တာကြောင့် ဘိုင်ယန်အသင်းက ဂရုတစိုက်ကစားတတ်ပါတယ်။ ကွန်ပနီရဲ့ ဘိုင်ယန်အသင်းက တိုက်စစ်ကို တော်တော်လေးအသားပေးထားတာကြောင့် သွင်းဂိုးတွေ တော်တော်များများသွင်းထားနိုင်သလို ဟယ်ရီကိန်း ၊ မူဆီရယ်လာနဲ့ အသစ်ခေါ်ထားတဲ့ အိုလစ်ဆီကပါ ခြေစွမ်းပြလာတာကြောင့် ဘိုင်ယန်တိုက်စစ်က တော်တော်လေး ထိန်းရခက်ပါတယ်။ ဂလာဘတ်အသင်းက အိမ်ကွင်းကောင်းတဲ့အပြင် တိုက်စစ်ကလည်း ဂိုးသွင်းအားကောင်းပါတယ်။ ဒီလိုအချိန်မှာ ဘိုင်ယန်အသင်းရဲ့ ဘော်ဒီကြေး နှစ်လုံးကိုးဆယ်စားဆိုတဲ့ ပေါက်ကြေးက ကြေးပြင်းတယ်လို့ ပြောလို့ရပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်အရှုံး ဖြစ်ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်ဘော်ဒီနဲ့ ဂိုးပေါ်တစ်ခုခုအောင်နိုင်သလို နှစ်ခုလုံးလည်း စုံပေါ်အောင်သွားနိုင်ပါတယ်။ ဘိုင်ယန်တိုက်စစ်က တစ်ဂိုးရရင်တောင် နောက်ထပ်သွင်းဂိုးတွေ ထပ်ရဖို့ ကြိုးစားတတ်တာကြောင့် ဒီပွဲမှာ ဘိုင်ယန်ဘော်ဒီနဲ့ ဂိုးပေါ် နှစ်ခုလုံးကို ရွေးချယ်ပေးချင်ပါတယ်။