၁၁.၁.၂၀၂၅
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာရော အနုပညာလမ်းကြောင်းမှာပါ မှတ်တိုင်တွေ စိုက်ထူခဲ့တဲ့ အကယ်ဒမီ နေဝင်းရဲ့ သမီးဦးလေး နေအရာရာချောရဲ့ ရက် ၁၀၀ ပြည့်မွေးနေ့လေးကျင်းပခဲ့ပါတယ်။
“နေအရာရာချော” လေးကတော့ အိပ်ပျော်နေပါတယ်ရှင်။ အိပ်နေတာလေးကိုက ချစ်စရာလေး” လို့ အကယ်ဒမီ ဖွေးဖွေးက ပြောလာပါတယ်။
သမီးလေး နေအရာရာချောရဲ့ ရက် ၁၀၀ ပြည့်မွေးနေ့ပွဲကို ဖွေးဖွေး၊ နန်းစုရတီစိုး၊ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်၊ ဒီဇိုင်နာမပုံ့ စတဲ့ အနုပညာရှင်တွေ တက်ရောက်လာခဲ့ကြပါတယ်။
အဆိုတော် နေဝင်းနဲ့ အိမ့်ချစ်ချောတို့ရဲ့ သမီးလေးရဲ့ နာမည်ပေးကင်ပွန်းတပ်ပွဲနဲ့ ရက် ၁၀၀ ပြည့်ပွဲကို ယနေ့ ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ရန်ကင်းနဲ့ မိုးကောင်းရှိ ကျိုက်ပိဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
သမီးလေးရဲ့ နာမည်ကိုတော့ မိဘနှစ်ပါးနာမည်ပါအောင် နေအရာရာချော ဆိုပြီး မှည့်တွင်ထားတာလည်းဖြစ်ပါတယ်။