၁၀.၁.၂၀၂၅
Translated by Htwe Ko Tun
အပြာရုပ်ရှင်သရုပ်ဆောင် မင်းသမီး စတော်မီ ဒန်နီရယ် ကို နှုတ်ပိတ်ခပေးခဲ့တယ်ဆိုတဲ့အမှုအတွက် တရားစွဲဆိုခံထားရတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကို ပြစ်မှု စွဲချက်ကနေ ခြွင်းချက်မရှိ အပြစ်မှလွှတ်ကာ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ နယူးယော့ခ်မြို့မှ တရားသူကြီး ဂျွန်မာချန်က ဇန်နဝါရီလ ၁၀ ရက်မှာ စီရင်ချက်ချခဲ့ပါတယ်။
စီရင်ချက်ကို အေးတိအေးစက်နိုင်တဲ့ မျက်နှာထားနဲ့ သူ့ရှေ့နေနဲ့အတူထိုင်နေတဲ့ ထရန့်က ဗီဒီယိုကနေတစ်ဆင့်ကြည့်နေတာပါ။
ဒီပြစ်မှုမှာ ထရန့်ကို ထောင်ဒဏ်မချမှတ်လည်း ခံဝန်ချုပ်နဲ့လွှတ်ပေးတာမျိုး ဒါမှမဟုတ် ငွေဒဏ်ချမှတ်တာမျိုးဖြစ်မယ်လို့ ယူဆထားကြပေမယ့် တရားသူကြီးရဲ့ ဆုံးဖြတ်စီရင်ချက်က ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကို အမှုမှ ခြွင်းချက်မရှိလွှတ်ပေးလိုက်တဲ့အထိ ဖြစ်လာခဲ့တာပါ။
ထရန့်ကတော့ ဒီအမှုက သူ့အတွက်တော့ မခံသာဆိုးဝါးလှတဲ့ အတွေ့အကြုံတစ်ရပ်ရစေခဲ့တာပဲလို့ ဆိုခဲ့ပါတယ်။သူ့အနေနဲ့ အမှုမှာ လုံးဝအပြစ်မရှိဘူးလို့လည်း သူကပြောခဲ့ပါတယ်။
တရားသူကြီး ဂျွန်မာချန်ကတော့ အမှုက ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့အမှုတစ်ခုဖြစ်ပေမယ့် တရားရုံးလုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
၂၀၂၄ ခုနှစ် မေလထဲမှာ ထရန့်က စတော် ဒန်နီရယ်ကိုနှုတ်ပိတ်ခပေးခဲ့တယ်ဆိုတာနဲ့ဆက်စပ်နေတဲ့ စွဲဆိုချက် ၃၄ ခုနဲ့တရားစွဲခံထားရတာပါ။ နယူးယော့ခ် မှာ နှုတ်ပိတ်ခပေးခြင်းက ဥပဒေနဲ့မညီပါဘူး။ စွဲချက်တွေက ဒန်နီရယ်ကို နှုတ်ပိတ်ခပေးခဲ့တဲ့ သူ့ရဲ့ရှေ့နေဖြစ်သူကို ထရန့်က ငွေထုတ်ပေးခဲ့တယ် ဆိုတာကနေ အရင်းခံအစပြုလာတာပါပဲ။
Ref- BBC