၁၀.၁.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးဒေသရှိ ကျောင်းတွေမှာ တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်လာနေတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောခဲ့ကြပါတယ်။
တစ်ချိန်တည်းမှာပဲ ဟောင်ကောင်ဒေသ ရာသီဥတုခန့်မှန်းချက်က ဟောင်ကောင်မှာ အပူချိန်တွေ နောက်ထပ်ရက်အနည်းငယ်ကြာ ဆက်လက်ကျဆင်းနေပြီး အေးမြတဲ့ရာသီဥတုကြောင့် ရောဂါဘယတွေဖြစ်ပွားနိုင်မှုကို ဇန်နဝါရီလ ၁၀ ရက် နံနက်မှာပဲ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ကူးစက်ရောဂါကာကွယ်ရေးဗဟိုအဖွဲ့အကြီးအကဲ Albert Au Ka-wing က ဟောင်ကောင်အနေနဲ့ တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှု ရာသီထဲကိုရောက်ရှိလာနေပြီဆိုတာ ဇန်နဝါရီ ၁၀ ရက်မှာ ရေဒီယိုက ပြောကြားသွားခဲ့ပါတယ်။
သူက တုပ်ကွေးရောဂါဖြစ်ပွားမှုတွေ ပိုလို့တိုးတက်လာနိုင်တယ်ဆိုတာ ပြောခဲ့ပြီး ကျောင်းတွေက ရောဂါစဖြစ်ရာအဓိကနေရာတွေဖြစ်နိုင်ပြီး အိမ်တွေမှာလည်း ရောဂါဖြစ်ပွားမှုကိူ ဂရုစိုက်ကြဖို့ လိုတယ်ဆိုတာ သတိပေးခဲ့ပါတယ်။
ဒါ့ပြင် သူက အရင်ရက်သတ္တပတ်မှာကို အဖွဲ့အစည်းနဲ့ ကျောင်းခုနစ်ခုမှာ ရောဂါဖြစ်ပွားမှု စံချိန်တင်များပြားခဲ့ပြီး ဒီဇင်ဘာလထဲမှာ တစ်ပတ်ကို နှစ်ယောက်မှ လေးယောက်အထိ အဲဒီနေရာတွေမှာ တုပ်ကွေး ရောဂါတိုးဖြစ်လာတယ်လို့လည်း ပြောခဲ့ပါတယ်။
သူက တုပ်ကွေးရောဂါဖြစ်ပွားမှုလျော့ကျအောင် ရောဂါလက္ခဏာတွေပြနေတဲ့ ဒါမှမဟုတ် အဖျားရှိနေ တဲ့ ကျောင်းသူကျောင်း သားတွေ ကျောင်းမလာကြဖို့လည်း သတိပေးပြောခဲ့ပါတယ်။
အခုအပတ်အတွင်း တုပ်တွေးဖြစ်ပွားလို့ အရေးပေါ်အခန်းရောက်လာသူဦးရေက အရင်အပတ်ထက်စာရင် များလာတယ်ဆိုတာကို ကျန်းမာရေးစောင့်ရှောက်မှုကော်မတီဥက္ကဋ္ဌ Maria Leung Kwan-wa က ပြောခဲ့ပါတယ်။
Ref. SCMP