၁၂. ၁. ၂၀၂၃
Written by Nyein Kyaw
သုဝဏ္ဏမြို့နယ်၊ စုပေါင်းမှတ်တိုင်အရှေ့တွင် လမ်းဖြတ်ကူးသူအား ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး သေဆုံးသူ၏ မိသားစုဝင်များကို ဆက်သွယ်၍မရရှိသေးကြောင်း သိရသည်။
“လက်ရှိအခြေအနေကတော့ အတိုက်ခံရတဲ့သူရဲ့ မိသားစုကိုတော့ အဆက်အသွယ်မရသေးဘူး။ ပလုံကောက်တယ်လို့တော့ သိရတယ်။ တိုက်သွားတဲ့ကားကတော့ မိသွားပြီ CCTV မှတ်တမ်းတွေရှိတော့ ယာဥ်မောင်းကိုလည်း မိထားပြီ အလောင်းကတော့ စံပြဆေးရုံ ရင်ခွဲရုံမှာပါ” ဟု Medical လူငယ်အသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောကြားသည်။
ဇန်နဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် သုဝဏ္ဏမြို့နယ် စုပေါင်းမှတ်တိုင်အရှေ့ သံသုမာလမ်းမပေါ် လမ်းဖြတ်ကူးသူအား ယာဥ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယာဥ်တိုက်မှုကြောင့် သေဆုံးသွားခဲ့သော အမျိုးသားရုပ်အလောင်းကို စံပြဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီးဖြစ်သည်။