၁၀.၁.၂၀၂၅.
Translated by Htwe Ko Tun
ဇန်နဝါရီလ ၂၀ ရက်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ဟာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် သူ့အနေနဲ့ ရုရှားသမ္မတကို တွေ့ဆုံဖို့ နိုင်ငံရေးအရ လိုလားချက်တွေရှိနေဦးမယ်ဆိုရင် ရုရှားနိုင်ငံသမ္မတ ပူတင်ဘက်ကလည်း ဒီလိုအဆက်အသွယ်ပြုမှုကို ကြိုဆိုမှာဖြစ်တယ်လို့ ရုရှားအစိုးရက ဇန်နဝါရီလ ၉ ရက်မှာ ပြောခဲ့ပါတယ်။
ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က လောလောဆယ်မှာတော့ အမေရိကန်ဘက်က ဒီလိုသမ္မတနှစ်ဦး တွေ့ဆုံဆက်သွယ်ကြဖို့ တောင်းဆိုထားမှု တစ်စုံတစ်ရာမရှိဘူးလို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ထရန့်အနေနဲ့ သမ္မတတာဝန်ယူပြီးတဲ့အချိန်အထိ စောင့်ဆိုင်းရမှုက ကျိုးကြောင်းဆီလျော်မှုရှိမှာဖြစ်တယ်လို့ ပက်စ်ကော့ဗ်က ပြောခဲ့ပါတယ်။
ဖလော်ရီဒါပြည်နယ်ရှိ မာအေလာဂိုစံအိမ်မှာ မကြာခင်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲတစ်ရပ်မှာ ရွေးကောက်ခံသမ္မတထရန့်က ရုရှားသမ္မတပူတင်က သူနဲ့ တွေ့ဆုံဆွေးနွေးလိုတာကို သိထားပါတယ်။ ဒါပေမယ့် ဒီတွေ့ဆုံမှုက သူ့အနေနဲ့ သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုပြီးချိန်မှသာ သင့်တော်မယ်လို့ သတိထားမိပါတယ်လို့ပြောခဲ့ပါတယ်။
ဒါ့ပြင် ထရန့်က လောလောဆယ်မှာ သူ့အနေနဲ့ ပူတင်ကို တွေ့ဆုံဖို့ ဆက်သွယ်ပြောကြားထားမှု တစ်စုံတစ်ရာမရှိဘူးလို့ ဆိုခဲ့ပါသေးတယ်။
Ref- Xinhua