၉. ၁. ၂၀၂၅
Translated by Thettant
ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိက အတိုက်အခံအမတ်ဟောင်းဖြစ်ခဲ့သူ အသက် ၇၄ နှစ်အရွယ် Mr. Lim Kimya ကို ပစ်ခတ်မှုမှာ သံသယရှိတဲ့ ထိုင်းရေတပ်က တပ်ကြပ် M လို့ လူသိများသူ Ekkalak Paenoi ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
တပ်ကြပ်ကြီး M ဟာ ဇန်နဝါရီ ၇ ရက် ညနေ ၅ နာရီ ၅၄ မိနစ်ခန့်မှာ ဖယာနခွန် ခရိုင်က ဝက်ဘိုဝင်နီဝတ်ဗီဟရာဘုရားကျောင်းနဲ့ မျက်နှာချင်းဆိုင် လမ်းလယ်မှာ Lim ကို သေနတ်နဲ့သုံးချက် လုပ်ကြံသတ်ဖြတ်ခဲ့တာပါ။
Lim ဟာ အသတ်မခံရခင်အချိန်ပိုင်းကမှ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိပ်ကနေ သူ့ရဲ့ ပြင်သစ်နိုင်ငံသားဇနီးသည်၊ ကမ္ဘောဒီးယားဆွေမျိုးတစ်ဦးနဲ့အတူ ဘတ်စ်ကားနဲ့ ရောက်လာတာဖြစ်ပြီး ချက်ချင်းဆိုသလို လုပ်ကြံခံလိုက်ရပေမဲ့ ထိုင်းအာဏာပိုင်တွေဟာ သံသယတရားခံ ထိုင်းရေတပ်သားဟောင်း တပ်ကြပ်ကြီး M ကို ဖမ်းဝရမ်းထုတ်ခဲ့သလို ၂၄ နာရီအတွင်းမှာပဲ ကမ္ဘောဒီးယား အာဏာပိုင်တွေနဲ့ ပူးပေါင်းကာ ဖမ်းဆီးလိုက်နိုင်တာပါ။
တပ်ကြပ်ကြီး M ဟာ ထိုင်းရေတပ်မှာ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်ကလည်း အပြစ်ကျူးလွန်မှုကြောင့် နှစ်ကြိမ်ထိန်းသိမ်းခံရဖူးတဲ့ အမှူဟောင်းတွေရှိခဲ့သလို ၂၀၂၃ ခုနှစ်မှာလည်း ခွင့်မဲ့ပျက်ကွက်မှုနဲ့ စွဲချက်တင်ခံရပြီး ထုတ်ပယ်ခံခဲ့ရသူပါ။
တပ်ကြပ်ကြီး M ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိက အတိုက်အခံအမတ်ဟောင်းဖြစ်ခဲ့သူ အသက် ၇၄ နှစ်အရွယ် Mr. Lim Kimya ကို သတ်ဖြတ်တာက ကြေးစားငှားရမ်းခံရတာလို့ ထိုင်းအာဏာပိုင်တွေက ယူဆထားပြီး သူဟာ လူသတ်မှုမဖြစ်ပွားမီအချိန်အထိ မော်တော်ဆိုင်ကယ် အငှားယာဉ်မောင်းအဖြစ် လုပ်ကိုင်ပြီး ဒေသခံဈေးသည်တွေအတွက် လုပ်ရိုးလုပ်စဉ်လုပ်ငန်းခွင်ကိုပဲ သံသယဖြစ်စရာမရှိအောင် လုပ်ကိုင်ခဲ့သူပါ။
တပ်ကြပ်ကြီး M ဟာ သူ့လုပ်ကြံမှုအောင်မြင်အပြီးမှာ ကမ္ဘောဒီးယားနိုင်ငံကို ထွက်ပြေးလွတ်မြောက်သွားခဲ့သလို ဇန်န၀ါရီ ၇ ရက် ည ၁၁ နာရီ ၄၁ မိနစ်ခန့်က ခေါင်ဒင်အမြဲတမ်းနယ်စပ်ဖြတ်ကျော်ပွိုင့်က CCTV မှတ်တမ်းမှာ M က ပစ်ကပ်ကားပေါ်က ထွက်ခွာသွားတာကို မြင်တွေ့ရသလို ကမ္ဘောဒီးယားနိုင်ငံအလယ်ပိုင်းဆီ ထွက်ခွာမယ့် ဘတ်စ်ကားပေါ် မတက်မီ နယ်ခြားငွေလဲအရောင်းဆိုင်မှာ M က ဘတ်ငွေ ၄၀၀၀ ကို လဲလှယ်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိခဲ့အပြီး ဇန်န၀ါရီလ ၈ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်မှာတော့ ကမ္ဘောဒီးယားနိုင်ငံအာဏာပိုင်တွေက M ကို ဗတ်တမ်ဘန်းစီရင်စုက၊ မောင်းဝ်ရပ်ဆီဒီစတြိတ်အတွင်းမှာ ဖမ်းဆီးနိုင်ခဲ့တာပါ။
ကမ္ဘောဒီးယားရဲတပ်ဖွဲ့နဲ့ ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရေးမှူးတွေက တရားခံ M ကို ဗတ်တမ်ဘန်းခရိုင်ရဲတပ်ဖွဲ့မှူးထံ လွှဲပြောင်းပေးခဲ့ပြီး ဆက်လက်စုံစမ်းစစ်ဆေးဖို့အတွက် ဖနွမ်းပင်မြို့က ပြည်တွင်းလုံခြုံရေးကွပ်ကဲမှုဌာနချုပ်ထံ ဆက်လက် ပို့ဆောင်ခဲ့တာပါ။
တစ်ချိန်တည်းမှာပဲ သတ်ဖြတ်ခံရသူ Lim နဲ့ အတူတူ ဘတ်စ်ကားစီးပြီး ဘန်ကောက်ကို ရောက်ရှိလာတဲ့ ဒုတိယမြောက် သံသယရှိသူ ကမ္ဘောဒီးယား အမျိုးသားကို ရဲတွေက ဖော်ထုတ်နိုင်ခဲ့သလို သံသယတရားခံဟာ Lim ကို သတ်ဖြတ်လိုက်တဲ့ ဇန်နဝါရီ ၇ ရက်မှာပဲ ကမ္ဘောဒီးယားကို ချက်ချင်းထွက်ပြေးသွားခဲ့တာပါ။
ထိုင်းရဲတပ်ဖွဲ့က ရဲမှူးချုပ် Siam Boonsom အဆိုအရ စုံစမ်းစစ်ဆေးသူတွေဟာ တရားခံရဲ့ ဇနီးအပါအဝင် မျက်မြင် သက်သေအများအပြားထံက ထွက်ဆိုချက်တွေကို စုဆောင်းခဲ့သလို ဒီလုပ်ကြံမှုက ကမ္ဘောဒီးယားပြည်တွင်းရေး၊ နိုင်ငံရေးနဲ့ ဆက်နွှယ်မှု အလားအလာကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိပေမယ့်လည်း M နဲ့တကွ ကျူးလွန်သူတွေဟာ အဖွဲ့လိုက် လုပ်ဆောင်ခဲ့တာကို အတည်ပြုခဲ့သလို အမှုနဲ့ပတ်သက်လို့ သံသယရှိသူအားလုံးကို ဖမ်းမိရေး ဆက်လက်လုပ်ဆောင်နေတဲ့အပြင် စုံစမ်းစစ်ဆေးမှုများစွာ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။
လုပ်ကြံခံရသူ အသက် ၇၄ နှစ်အရွယ် Lim Kimya ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၁၈ ခုနှစ်က ပိတ်ပင်ခံခဲ့ရတဲ့ National Rescue Party CNRP က အမတ်ဟောင်းဖြစ်ပြီး အရင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့ သားဖြစ်သူ လက်ရှိဝန်ကြီးချုပ်ဟွန်မာနတ်တို့ကို ဝေဖန်ဆန့်ကျင်နေသူ အဓိကအတိုက်အခံ ဖြစ်ပါတယ်။ ကမ္ဘောဒီးယား နိုင်ငံရေး ဖိအားတွေက အလွယ်တကူ လွတ်မြောက်နိုင်စေဖို့ သူဟာ ပြင်သစ်နိုင်ငံသားအဖြစ် ခံယူထားသလို တိုက်ရိုက်ခြိမ်းခြောက်မှုနဲ့ ခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်ရပေမဲ့ ကမ္ဘောဒီးယားနိုင်ငံက ဒီမိုကရေစီ အတိုက်အခံများစွာအပေါ် သူ့ရဲ့ မယိမ်းယိုင်တဲ့ ကတိကဝတ်တွေက လွှမ်းမိုးထားပြီး “နိုင်ငံရေးကို ဘယ်တော့မှ အရှုံးမပေးဘူး”လို့ ထင်ရှားစွာ ကြေညာခဲ့သလို ခေါင်းဆောင်ဖမ်းဆီးခံထားရတဲ့ CNRP ရဲ့ ဖနွမ်းပင်ရုံးချုပ်မှာ ကျန်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၀ ထဲက တစ်ဦးအနေနဲ့လည်း အဖမ်းခံရတာကို ရှောင်ရှားပြီး အခြားသူတွေရဲ့ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားမှုကို ဆက်လက်ထိန်းသိမ်းထားခဲ့ပေမဲ့ ဇန်နဝါရီ ၇ ရက်မှာတော့ သူဟာ ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်မြို့လယ်မှာ လုပ်ကြံလိုက်ရတာပါ။
ဒီရက်ပိုင်းအတွင်းမှာပဲ တရုတ်မင်းသား Xingxing ဟာ ထိုင်းနိုင်ငံကတစ်ဆင့် မြန်မာနိုင်ငံ၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်က ကျားဖြန့်ဂိုဏ်းတွေဆီ လူကုန်ကူးခံခဲ့ရသလို ကမ္ဘောဒီးယားရဲ့ထင်ရှားတဲ့လွှတ်တော်အမတ်ဟောင်း Lim ဘန်ကောက်က သမိုင်းဝင်ခရိုင်မှာ အသတ်ခံရတာကြောင့် ထိုင်းနိုင်ငံရဲ့ ခရီးသွားလုံခြုံမှုဟာ မေးခွန်းများစွာ အထုတ်ခံခဲ့ရသလို ကမ္ဘောဒီးယားဟာ သူ့ကို ဆန့်ကျင်သူ CNRP ပါတီက အတိုက်အခံတွေကို ထိုင်းနိုင်ငံပိုင်နက်ထဲအထိ လိုက်လံခြိမ်းခြောက်၊ သတ်ဖြတ်တာတွေ လုပ်နေတယ်လို့ HRW က ပြောထားသလို Lim လုပ်ကြံခံရမှုဖြစ်စဥ်ကိုလည်း စုံစမ်းဖော်ထုတ်အရေး ယူပေးဖို့ တောင်းဆိုထားပါတယ်။
Ref, Khaosod
ပုံစာ။ ကျူးလွန်သူ ထိုင်းရေတပ်တပ်ကြပ်ဟောင်း M၊ လွတ်မြောက်နေသည့် ကမ္ဘောဒီးယားနိုင်ငံသားနဲ့ လုပ်ကြံခံရသူ Lim တို့မြင်ကွင်း။