၈.၁.၂၀၂၅
Written By Zun
ဧရာဝတီတိုင်းက ဘုရားဖူးလာသောကား မန္တလေးတွင်တိမ်းမှောက်၍ ယာဉ်ပေါ်ပါသူ ၁၇ ဦးလုံး ဒဏ်ရာရကာ ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့က သိရသည်။
ယနေ့ ဇန်နဝါရီလ ၈ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲခန့်အချိန်က မန္တလေးတောင်အဆင်းလမ်းတွင် ဘုရားဖူးလာသည့် လိုက်ထရပ်အမျိုးအစား ယာဥ်သည် အရှိန်မထိန်းနိုင်ဘဲ တောင်အောက် ချောက်ထဲသို့ထိုးကျသွားခြင်းဖြစ်ကြောင်းသိရသည်။
“ဘိုကလေးဘက်က လာကြတာ။ ကားပေါ်မှာ အမျိုးသား က ၆ ယောက်၊ ၇ ယောက်ပဲ ပါတယ်။ ကျန်တာ အမျိုးသမီးတွေချည်းပဲ”ဟုနန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူဦးသိန်းထွန်းအောင်က MT News ကိုပြောသည်။
အဆိုပါယာဉ်မတော်တဆမှုဖြစ်စဉ်တွင် ယာဥ်မောင်းအပါအဝင် (၁၇)ဦးဒဏ်ရာရ ကာ ဒါဏ်ရာပြင်းထန်သူ (၃) ဦးအပါအဝင် လူနာအားလုံးကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ အရေးပေါ်ပြင်ပလူနာဌာနသို့ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့က ကူညီပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-နန်းတော်ရှေ့