၈.၁ ၂၀၂၅
Written by Shwe Phyo
ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၇ ရက်နေ့က ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသား ၅၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။
ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီး Kongkrit Lertsitthikun ဦးဆောင်သောရဲတပ်ဖွဲ့သည် Lopburi အရပ်ဒေသသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသူများကို စစ်ဆေးရှာဖွေနေချိန်အတွင်း မြန်မာနိုင်ငံသား ၅၈ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသားများနှင့်အတူ ပစ်ကပ်ကားတစ်စီး၊ ဗန်အမျိုးအစား နှစ်စီးနှင့် မိုလ်ဘိုင်းဖုန်း လေးလုံးကို သက်သေအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ပြည်ပနိုင်ငံခြားသားများသည် Lopburi အရပ်ဒေသသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းမှုများရှိနေသည်ဟု ဒေသခံများ၏ သတင်းပေးမှုကို လက်ခံရရှိခဲ့ပြီးနောက် ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က စုံစမ်းဖမ်းဆီးမှုကို အရှိန်မြင့်စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က ဇန်နဝါရီ ၇ ရက်နေ့တွင် ကားသုံးစီးသည် ပုံမှန်အခြေနေမျိုးမဟုတ်သော ပုံစံမျိုးဖြင့် မြန်နှုန်းမြင့်မောင်းနှင်လာပြီး ကားတွင်တင်ဆောင်လာသောအလေးချိန်ကလည်း ပုံမှန်ထက် ပိုမိုနေသောအခြေအနေများရှိနေသည့်အတွက် သံသယရှိကာ ရပ်တန့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာသောကားကို ရပ်တန့်ခိုင်းချိန်တွင် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့ရာ လိုက်လံဖမ်းဆီးခဲ့ရပြီး Lopburi အရပ်ဒေသ Tambon Niyomchai လမ်းနားတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Ref dailynews