၈. ၁. ၂၀၂၄
Writtrn by Nay Moe
ပေါင်းတလည်၊ ရေကြည်ကုန်းရွာက ရာအိမ်မှူးလင်မယားကို ဇန်နဝါရီ ၇ ရက်က သတ်ဖြတ်လိုက်တယ်လို့ ကျူးလွန်တဲ့ ပေါင်းတည် PDF က ဒီနေ့မှာ ဝန်ခံချက် ထုတ်ပြန်လာပါတယ်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့၊ အုပ်ဆွဲအုပ်စု၊ရေကြည်ကုန်းရွာနေ ရာအိမ်မှူး ဦးဇော်မင်းဦး (ခ) ချက်ဖောင်းတို့ ဇနီးမောင်နှံကို ပြည်ခရိုင်ပြည် သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ(၃) ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီ မိနစ် ၂၀ အချိန်ခန့်မှာ နေအိမ်အနီး မီးသွေးဖိုနား သွားရောက်ပစ်သတ်ကြလို့ ဇနီးမောင်နှံနှစ်ဦးစလုံး နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ။
ဦးဇော်မင်းဦးတို့ လင်မယားနှစ်ဦးဟာ တပ်နဲ့ပေါင်းပြီး “ငါ့အုပ်စုအတွင်းမှာ ဘယ် PDF မှဂရုစိုက်စရာမလိုဘူး” လို့ ကြွေးကြော်ပြီး အုပ်စုအတွင်း ပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျတာ၊ ပေါင်းတလည်လခရအချို့နဲ့ပေါင်းပြီး လူငယ်လူရွယ်များရှိရာ အိမ်များကို ငွေညှစ်တောင်းခံတာ၊ အုပ်စုအတွင်း ကျေးရွာများရှိ ပြည်သူတွေကို ထောက်ပို့/PDF အားပေးဆိုကာ တိုင်ကြားပြီး ဖမ်းဆီးခိုင်းတာ၊ ငွေနဲ့ပြန်ရွေးရသူတွေရှိပြီး တချို့ ရိုက်နှက်စစ်ခံရကာ ထောင်ကျတာတွေပါရှိတာ၊ ရပ်ရွာထဲမှာ မထင်ရင် မထင်သလို ခြိမ်းခြောက်တာ၊ သူတို့လင်မယားကြောင့် ဖမ်းဆီးခံရသူများရှိတာတို့ကြောင့် သတ်လိုက်တာလို့ ကျူးလွန်တဲ့ ပေါင်းတည် PDF က အကြောင်းပြချက်ပေးပေမဲ့ ဒီစွပ်စွဲချက်တွေ မှန်မမှန် MT News က အတည်မပြုနိုင်ပါဘူး။
ပဲခူးတိုင်းဟာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူအများအပြား သတ်ဖြတ်ခံရတဲ့တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ၂၀၂၄ ခုနှစ် အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ကျော်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF, EAOs တို့ သတ်ဖြတ်မှု ခံထားရပါတယ်။