၇.၁ ၂၀၂၅
Written by Shwe Phyo
ထိုင်းရဲတပ်ဖွဲ့က ဆူရက်တာနီပြည်နယ် ပါဝီလမ်းအနီးရှိ ဘန်သာဟတ်တံတား တူးမြောင်းထဲတွင် သေဆုံးနေသော မြန်မာနိုင်ငံသား ၂ ဦး၏ရုပ်အလောင်းကို ဇန်နဝါရီ ၆ ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
သေဆုံးနေသော မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးသည် အသက် ၂၁ နှစ်အရွယ်ရှိ အောင်စိုးမိုးနှင့် Aow Ko Piw ဆိုသူတို့ဖြစ်ကြောင်း၊ ၎င်းတို့သေဆုံးနေသော တူးမြောင်းနားတွင် အပြာရောင် Honda Wave 110i အမျိုးအစားဆိုင်ကယ်ကို တွေ့မြင်ခဲ့ကြောင်း ဆူရက်တာနီ ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။
ကနဦး စုံစမ်းစစ်ဆေးမှုများအရ အဆိုပါလူငယ်နှစ်ဦးသည်ဆိုင်ကယ်ဖြင့် စီးနင်းလာပြီး တူးမြောင်းနားရှိ သစ်ပင်ကိုဝင်တိုက်ကာ တူးမြောင်းထဲကျသွားကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်များတွင် ဖော်ပြထားသည်။
သေဆုံးသူများ၏ရုပ်အလောင်းများကို စမ်းသပ်စစ်ဆေးမှုများအရ မြန်မာနိုင်ငံသားနှစ်ဦးသေဆုံးနေသည်မှာအနည်းဆုံး ၄ရက်ရှိနေပြီဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။
တံတားအောက်နားရှိ တူးမြောင်းသည် အနက် ၇ မီတာရှိရာ တူးမြောင်းထဲ ကျဆင်းသွားချိန်တွင် ရေစီးနှင့်မျောပါပြီး သေဆုံးခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က သုံးသပ်ထားသည်။ ထိုင်းရဲတပ်ဖွဲ့သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား နှစ်ဦးသေဆုံးစေခဲ့သော အဖြစ်အပျက်နှင့်ပတ်သက်ပြီး အသေးစိတ်စုံစမ်းစစ်ဆေးနေကာ လက်ရှိအချိန်တွင် သေဆုံးသူများ၏ မိသားစုများကို ဆက်သွယ် အကြောင်းကြားထားကြောင်းသိရသည်။
Ref, aseannow