၇.၁.၂၀၂၅
Translated by Htwe Ko Tun
ဘရာဇီးလ်အစိုးရက ဇန်နဝါရီလ ၆ ရက်မှာထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်ရပ်မှာ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ BRICS အဖွဲ့ကြီးရဲ့ တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်လာတော့မှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါက ရုရှား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယ၊ ဘရာဇီးလ်နဲ့ တောင်အာဖရိကနိုင်ငံတို့နဲ့ အစပြုခဲ့တဲ့ စီးမွားရေးလျင်မြန်စွာတိုးတက်လာသောနိုင်ငံများအဖွဲ့ဖြစ်တဲ့ BRICS ရဲ့ ထပ်မံအင်အားတိုးချဲ့တဲ့ခြေလှမ်းတစ်ရပ်လို့ ဆိုရမှာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ စတုတ္ထမြောက်လူဦးရေအများဆုံးနိုင်ငံလည်းဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကလည်း စီးပွားရေး ထွန်းသစ်စနိုင်ငံတွေ ခိုင်မာမှုရှိစေဖို့နဲ့ ကမ္ဘာ့တောင်ခြမ်းနိုင်ငံတွေရဲ့ အကျိုးစီးပွားအဖြစ်လို့လည်းဆိုရမယ့် နည်းလမ်းတစ်ရပ်အနေနဲ့ BRICS အဖွဲ့ကို ပါဝင်လိုတယ်ဆိုတာ အရင်ထဲက ထုတ်ဖော်ပြသထားခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာ BRICS အဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌလည်းဖြစ်လာမယ့် ဘရာဇီးလ်နိုင်ငံက အဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ ၂၀၂၃ ခုနှစ်မှာ ကျင်းပစဉ်ကတည်းက အဖွဲ့ကြီးတိုးချဲ့မှု အစိတ်အပိုင်းတစ်ရပ်အဖြစ် အင်ဒိုနီးရှားကိုလည်း အဖွဲ့ဝင်အဖြစ်လက်ခံဖို့ အဖွဲ့ဝင်နိုင်ငံတွေက တညီတညွတ်ထဲ အတည်ပြုထားခဲ့ကြတယ်လို့လည်း ပြောခဲ့ပါတယ်။
ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံက သူ့ရဲ့ BRICS အဖွဲ့သို့ တရားဝင် ဝင်ရောက်ခွင့်ကို ၂၀၂၄ ခုနှစ်က သူ့ နိုင်ငံမှာ သမ္မတရွေး ကောက်ပွဲလုပ်ပြီးတဲ့အချိန်အထိ ရွှေ့ဆိုင်းခဲ့တာပါ။
လက်ရှိမှာ BRICS ရဲ့အဖွဲ့ဝင်သစ်တွေအဖြစ် အီရန်၊ အီဂျစ်၊ အီသီယိုးပီးယားနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတွေက ၂၀၂၄ ခုနှစ်မှာ ပါဝင်ခဲ့ကြပြီးဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အတွက် BRICS ထိပ်သီး အစည်းအဝေးကို ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့မှာ ဇူလိုင်လမှာကျင်းပမယ်လို့ သိရပါတယ်။
Ref-CNA