၁၂. ၁. ၂၀၂၃
ခါရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဥ်မဲခွဲမှုရလဒ်အရ မန်ချက်စတာယူနိုက်တက်ဟာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်သလို နယူးကာဆယ်ကတော့ ဆောက်သမ်ပ်တန်အသင်းနဲ့ ရင်ဆိုင်ရတော့မှာပါ။
မန်စီးတီးအသင်းကို မာရာနဲ့ ဂျနက်ပိုတို့ရဲ့ ပထမပိုင်းသွင်းဂိုးတွေနဲ့ အံ့ဖွယ်အနိုင်ယူလာခဲ့တဲ့ ဆောက်သမ်ပ်တန်တို့ဟာ လက်စတာကို အနိုင်ယူလာတဲ့ နယူးကာဆယ်ကို ပထမအကျော့အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။
ဝုဘ်နဲ့ ယှဥ်ပြိုင်ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းကတော့ ဒီနေ့ကန်တဲ့ ပွဲချိန်အတွင်း ၁ ဂိုးစီသရေကျနေပြီး အချိန်ပိုလည်း ဂိုးမသွင်းနိုင်ခဲ့ကြလို့ ပင်နယ်တီအဆုံးအဖြတ်မှာ ၅ ဂိုးစီကန်သွင်းကြချိန် ယူနိုက်တက်အငှားဂိုးသမား ဒိန်းဟန်ဒါဆန်ရဲ့ လက်စွမ်းပြမှုနဲ့အတူ (၄- ၃) ရလဒ်နဲ့ ဆီမီးဖိုင်နယ် တက်ရောက်လာခဲ့တာပါ။
ခါရာဘောင်ဖလား ဆီးမီးဖိုင်နယ်ကိုတော့ နှစ်ကျော့ယှဥ်ပြိုင်ကစားရမှာဖြစ်ပြီး မန်ယူကတော့ ပထမအကျော့ကို ဇန်နဝါရီ ၂၃ ရက်မှာ နော်တင်ဟမ်ဖောရက်စ်အိမ်ကွင်းဆီ သွားရောက်ကစားရမှာဖြစ်ပြီး ဒုတိယအကျော့ကို ဇန်နဝါရီ ၃၀ မှာ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ယှဥ်ပြိုင်ကစားရမှာဖြစ်သလို နယူးကာဆယ်ကတော့ ဆောက်သမ်ပ်တန်ကို ပထမအကျော့မှာ အဝေးကွင်း၊ ဒုတိယအကျော့ အိမ်ကွင်းမှာ ယှဥ်ပြိုင်ရမှာပါ။