၆.၁.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံမှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်က စတင်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်အထိ နှစ်သစ်ကူး အားလပ်ရက် ဆယ်ရက်ကာလအတွင်း ထိုင်းနိုင်ငံရဲ့ လမ်းတွေပေါ်မှာ ယာဉ်မတော်တဆမှု ၂၄၆၇ မှု ဖြစ်ပွားခဲ့ရာမှာ စုစုပေါင်း လူ ၄၃၆ ဦးသေဆုံးခဲ့ရကာ ၂၃၇၆ ဦးဒဏ်ရာရခဲ့တယ်လို့ ထိုင်းအစိုးရက ဇန်နဝါရီလ ၆ ရက်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ထိုင်းအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဆုံဆတ် သောင်ဆရီက ဒီနှစ် နှစ်သစ်ကူးဆယ်ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုက မနှစ်ကနဲ့ နှိုင်းယှဉ်ရင် နည်းပေမယ့် သေဆုံးဒဏ်ရာရသူအရေအတွက်က များလာခဲ့တယ်လို့ ပြောခဲ့ပါတယ်။
နိုင်ငံတောင်ပိုင်း ဆူရတ်သနီပြည်နယ်ထဲမှာ ဒီဆယ်ရက်အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု အများဆုံးဖြစ်ပြီး ၈၉ မှုဖြစ်ကာ ဒဏ်ရာရသူ ၁၀၀ ရှိခဲ့ပါတယ်။ ဘန်ကောက်မြို့ကတော့ သေကြေမှု အများဆုံးဖြစ်ခဲ့ပြီး ယာဉ်မတော်တဆမှုတွေကြောင့်သေဆုံးသူ ၂၆ ဦးရှိခဲ့ပါတယ်။
ယာဉ်မတော်တဆမှုတွေ ဖြစ်ရတာရဲ့ အဓိကအကြောင်းရင်းက ယာဉ်ကို အရှိန်မြှင့်တင်မောင်းနှင်မှု ကြောင့် ဖြစ်တာတွေ့ရပြီး ယာဉ်မတော်တဆမှုတွေရဲ့ ၈၃ ရာခိုင်နှုန်းက မော်တော်ဆိုင်ကယ်တွေ ပါဝင် ပတ်သက်နေတယ်လို့လည်း သိရပါတယ်။
Ref- Bangkok Post