MT News
၆. ၁.၂၀၂၅
မြန်မာနိုင်ငံသားအဖြစ်က စွန့်လွှတ်လိုသူတွေအနေနဲ့ စတင်လျှောက်ထားနိုင်ပြီဖြစ်တယ်လို့သိရသလို စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း မြန်မာနိုင်ငံသားအဖြစ်က စွန့်လွှတ်မယ့်သူတွေ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ကို အသိပေးကြေညာထားပါတယ်။
မြန်မာနိုင်ငံသားအဖြစ်က စွန့်လွှတ်လိုသူတွေဟာ (က) နိုင်ငံသားစွန့်လွှတ်လိုကြောင်းလျှောက်လွှာ၊ (ခ) ကိုယ်ရေးအကျဉ်းချုပ် (မိဘအမည်၊ မွေးသက္ကရာဇ်၊ ကိုင်ဆောင်ထားသည့် လက်မှတ်နံပါတ်၊ မြန်မာနိုင်ငံတွင် နောက်ဆုံးနေထိုင်ခဲ့သည့် လိပ်စာအပြည့်အစုံ၊ မိဘနှင့်မောင်နှမများ၏ မြန်မာပြည်နေရပ်လိပ်စာ အပြည့်အစုံ၊ မိဘ၏ မောင်နှမ များ၏ မြန်မာပြည်နေရပ်လိပ်စာ အပြည့်အစုံ)၊ (ဂ) စင်ကာပူအစိုးရ Immigration and Checkpoints Authority ထံမှ မြန်မာနိုင်ငံသား အဖြစ်မှ စွန့်လွှတ်ကြောင်း အထောက်အထားတောင်းခံစာ၊ (ဃ) မြန်မာနိုင်ငံကူးလက်မှတ်၊ (င) မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း၊ (လျှောက်ထားဖူးခြင်းမရှိပါက နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်း မရှိကြောင်းတင်ပြစာ)၊ (စ) အိမ်ထောင်စုစာရင်းမိတ္တူ (အိမ်ထောင်စုစာရင်းတွင် ထည့်သွင်းထားခြင်းမရှိပါက မရှိကြောင်းတင်ပြစာ၊ မိဘ၊ မောင်နှမများ၏ အိမ်ထောင်စုစာရင်းမိတ္တူ) (ဆ) မွေးစာရင်းမိတ္တူတွေကို တင်ပြရမယ်လို့ သိရပါတယ်။
ဒီလိုစာရွက်စာတမ်းအပြည့်အစုံကို ပြန်လည်အပ်နှံနိုင်မှုမရှိတဲ့ လျှောက်ထားမှုတွေကိုတော့ မြန်မာနိုင်ငံသားအဖြစ်စွန့်လွှတ်ဖို့လုပ်ဆောင်မှုအတွက် ထောက်ခံပေးမှာမဟုတ်ဘူးလို့လည်း စင်ကူပူနိုင်ငံဆိုင်ရာမြန်မာသံရုံးက အသိပေးထားပါတယ်။