၅. ၁. ၂၀၂၄
Wtitten by MMAK
◾ဖူဟမ် Vs အစ်ဆွချ်
ဖူဟမ်အသင်းက နောက်ဆုံးခုနှစ်ပွဲဆက် ရှုံးပွဲမရှိထားဘဲ လီဗာပူး၊ အာဆင်နယ်နဲ့ စပါးတို့လိုအသင်းကြီးတွေကို သရေကစားခဲ့သလို ချဲလ်ဆီးနဲ့ဘရိုက်တန်အသင်းတို့ကို အနိုင်ရထားပါတယ်။ ဖူဟမ်အသင်းက အသင်းကြီးတွေကိုသာ ဒုက္ခပေးတတ်ပေမဲ့ အသင်းငယ်လေးတွေဆိုရင် အမှတ်ပေးချင်တဲ့ အသင်းမျိုးဆိုတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဖူဟမ်အသင်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ပေါက်ပါတယ်။ အစ်ဆွချ်အသင်းက ကစားပုံတိုးတက်လာတဲ့အပြင် ချဲလ်ဆီးအသင်းကိုပါ အနိုင်ရထားချိန်မှာ ဖူဟမ်အသင်းပေးထားတဲ့ ဘော်ဒီကြေး တစ်လုံးသရေဆိုတာ အနည်းငယ်ပြင်းပါတယ်။ ဖူဟမ်အသင်းအနေနဲ့ တစ်လုံးသုံးဆယ်စားလောက်ပေးရမှာ ဖြစ်ပေမဲ့ တစ်လုံးသရေဆိုတဲ့ ပေါက်ကြေးမှာ ဖူဟမ်အသင်း တစ်ဂိုးလောက်နဲ့ ကပ်နိုင်သွားနိုင်ပါတယ်။ သို့ပေမဲ့ နှစ်ဂိုးပြတ်မှ ကြေးစားရမှာ ဖြစ်တာကြောင့် နှစ်ဂိုးပြတ်ဖို့ကျရင်လည်း သိပ်မလွယ်ဘူးလို့ ထင်ပါတယ်။ ဖူဟမ်နိုင်ရင်လည်း တစ်ဂိုးအသာနဲ့ ကပ်နိုင်သွားပြီး မနိုင်ရင် တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားမယ်လို့ထင်ပါတယ်။ ဒီနေ့ညမှာ ကစားမဲ့ ဘောလုံးပွဲစဥ်တွေဟာ နည်းပါးတာကြောင့် သတိထားရွေးချယ်ရမှာ ဖြစ်သလို ထိုးသားတွေ အကြိုက်များလာနိုင်တဲ့ ဂိုးပေါင်းအပေါ်ကို အကြိုက်မတွေ့ပါဘူး။ သုံးလုံးငါးဆယ်စားဆိုတဲ့ ပေါက်ကြေးက ဂိုးပေါ်နေချင်စရာ ကောင်းနေတာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾လီဗာပူး Vs မန်ယူ
အင်္ဂလန်ဒါဘီဆိုတဲ့အတိုင်း အစဥ်အလာကြီးမားတဲ့ ပြိုင်ဘက်တွေ ဖြစ်ကြသလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပေမဲ့ လက်ရှိခြေစွမ်းမှာတော့ တော်တော်လေး ကွာခြားပါတယ်။ ယခုနှစ် ပရီမီးယားလိဂ်အသင်းတွေထဲမှာ လီဗာပူးအသင်းဟာ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်စီးတီးထက် ခေါင်းတစ်လုံးပိုမြင့်တယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ မန်ယူအသင်းကတော့ နည်းပြအပြောင်းအလဲ လုပ်ခဲ့ပေမဲ့ ရလဒ်တွေဆိုးရွားနေတဲ့အပြင် ကစားသမားတွေနဲ့ နည်းပြအမ်မိုရင်တို့ကို ကြည့်ရတာ ယုံကြည်မှု ပျောက်ဆုံးနေတာမျိုး တွေ့ရပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်လီဗာပူးအသင်းက တစ်လုံးခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်အရှုံး ဖြစ်ပါတယ်။ လီဗာပူးအသင်းအနေနဲ့ ဘော်ဒီကြေးကို တစ်လုံးအရှုံးထိ ပေးလို့ရပေမဲ့ ပြားလေးဆယ်လောက် လျှော့ထားပြီး တစ်လုံးခြောက်ဆယ်အရှုံးသာ ပေးထားတာကို တွေ့ရသလို ဂိုးပေါင်းကြေးကလည်း မန်ယူအသင်း ဂိုးရဖို့ ခက်ခဲနိုင်တဲ့ ဂိုးပေါင်းကြေးလို့ ထင်ပါတယ်။ လက်ရှိခြေစွမ်းအရ မန်ယူအသင်းကို ယုံကြည်ဖို့ ခက်ခဲနေပြီး အန်းဖီးလ်ကွင်း ဖြစ်တာကြောင့် လီဗာပူးအသင်း နိုင်ပွဲဆက်ဦးမယ်လို့ ထင်ပါတယ်။ လီဗာပူးအသင်းဟာ မန်ယူနဲ့တွေ့တိုင်း အလျှော့ပေးကန်တာမျိုး ညှာနေတာမျိုး မတွေ့ရတတ်ဘဲ အကြိတ်အနယ် ကန်တတ်တာကြောင့် လီဗာပူးအသင်းကို ရွေးချယ်ရဦးမှာပါ။ မန်ယူခံစစ်က ဝုဗ်၊ ဘုန်းမောက်နဲ့ နယူးကာဆယ်အသင်းတို့ကိုတောင် ဂိုးတွေအများကြီး ပေးခဲ့ရတာကြောင့် အန်းဖီးလ်ကွင်းမှာ နှစ်ဂိုးပြတ်အနိုင်ရဖို့ မခက်ခဲပါဘူး။
◾PSG Vs မိုနာကို
ပြင်သစ် Super Cup ဖိုင်နယ်ပွဲစဥ်ဖြစ်ပြီး ကာတာနိုင်ငံဒိုဟာမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ PSG အသင်းဟာ နောက်ဆုံးဆယ့်တစ်နှစ်မှာ ဆယ်ကြိမ်အထိ ဒီဖလားကို ရယူထားနိုင်ခဲ့ပါတယ်။ PSG အသင်းဟာ ပြင်သစ်လိဂ်မှာ ကလေးဗိုလ်လိုဖြစ်နေပြီး သူတို့အသင်းပဲ ဖလားစုံသိမ်းနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတင် အမှတ်ပေးပြိုင်ပွဲမှာ ထပ်တိုက်တွေ့ဆုံခဲ့ကြပြီး လေးဂိုး နှစ်ဂိုးနဲ့ PSG အသင်းက အနိုင်ရသွားပြီး ဂိုးပေါ်ထားခဲ့ပါတယ်။ ဒီပွဲမှာ PSG အသင်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်အရှုံး ဖြစ်ပါတယ်။ မိုနာကိုအသင်းက တိုက်စစ်အသားပေးကစားတတ်သလို PSG အသင်းကလည်း ပြိုင်ဘက်အသင်းက တိုက်စစ်ဖွင့်ကစားလေ ဂိုးပိုရလေဆိုတဲ့ အသင်းမျိုး ဖြစ်ပါတယ်။ ဒီပွဲဟာ ကာတာနိုင်ငံမှာ သွားရောက်ကစားရမှာ ဖြစ်တာကြောင့် ဖျော်ဖြေမှုပေးမဲ့ ဖိုင်နယ်ပွဲဖြစ်ပြီး အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်ပါတယ်။ ဒီနှစ်သင်းထိပ်တိုက်တွေ့တိုင်း အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရသလို အနိမ့်ဆုံး သုံးဂိုးလောက်က အသာအယာ မြင်တွေ့ရနိုင်တာကြောင့် ပြားလေးဆယ်ရင်းပြီး ဂိုးပေါင်းအပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ရိုးမား Vs လာဇီယို
စီရီးအေပွဲစဥ်တစ်ခုဖြစ်ပြီး အသင်းကြီးတွေ ထိပ်တိုက်တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ရိုးမားအသင်းက နောက်ပိုင်းပွဲစဥ်တွေမှာ ခြေစွမ်းတိုးတက်လာတာကို တွေ့ရပြီး ဂိုးသွင်းအား ပိုကောင်းလာတာကို တွေ့ရပါတယ်။ လာဇီယိုအသင်းကလည်း တိုက်စစ်အသားပေး အသင်းတစ်သင်းဖြစ်ပြီး တတိယဂိုးသွင်းအား အကောင်းဆုံး အသင်းတစ်သင်း ဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ရိုးမားအသင်းက ဘော်ဒီကြေး ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေးနှစ်လုံးရှစ်ဆယ်အရှုံး ပေါက်ပါတယ်။ နှစ်သင်းလုံးက တိုက်စစ်အသားပေး ကစားတတ်တာကြောင့် ခံစစ်က ပေးဂိုးတွေ များနေတာကို တွေ့ရမှာ ဖြစ်ပြီး တိုက်စစ်က တစ်ဂိုးသွင်းရင် ခံစစ်က တစ်ဂိုးပြန်ပေးနေရတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးငါးပွဲဆက် ဂိုးအောက် ကစားထားတာ ဖြစ်ပါတယ်။ အခုပွဲစဥ်မှာတော့ ဂိုးအောက် ထပ်ဖြစ်မယ်လို့ မထင်ဘဲ တစ်ဖက်တစ်ဂိုးစီလောက်ကနေ စကြည့်ရမယ်လို့ ထင်ပါတယ်။ လက်ရှိကစားပုံနဲ့ ခြေစွမ်းအရ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်သွားမယ်လို့ ယူဆထားတဲ့အတွက် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾မာဆေးလ် Vs လီဟာဗေး
ဒီရာသီမှာ မာဆေးလ်အသင်းက ပြုပြင်ပြောင်းလဲမှု တော်တော်လေး လုပ်ခဲ့တာကို တွေ့ရပြီး ဘရိုက်တန်အသင်းနဲ့အတူ အောင်မြင်ခဲ့တဲ့ ဒီဇာဘီကို နည်းပြခန့်အပ်ခဲ့သလို မေဆန်ဂရင်းဝု၊ ရာဘီယော့နဲ့ ဟိုးဘတ်တို့လို အရည်အသွေးမြင့်ကစားသမားတွေအပါအဝင် ကစားသစ် ၁၅ ယောက်လောက်ထိ အားဖြည့်ထားခဲ့တာကို တွေ့ရပါတယ်။ နည်းပြဒီဇာဘီကြောင့် ကစားပုံအဆင့်အတန်းက တော်တော်လေး ကောင်းမွန်တာကို တွေ့ရပြီး တိုက်စစ်အသားပေး ကစားဟန်ကြောင့် PSG အသင်းပြီးရင် သွင်းဂိုးအများဆုံး သွင်းထားနိုင်တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ တန်းဆင်းဇုန်ထဲ လီဟာဗေးအသင်းရဲ့ တိုက်စစ်က တော်တော်လေး အားနည်းနေပြီး ခံစစ်က ဒုတိယပေးဂိုးအများဆုံး အသင်း ဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်မာဆေးလ်အသင်းက ဘော်ဒီကြေး တစ်လုံးအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်စား ဖြစ်ပါတယ်။ ဒီရာသီမှာ ပြင်ဆင်မှုများစွာ ပြုလုပ်ထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ မာဆေးလ်အသင်းအနေနဲ့ အိမ်ကွင်းပွဲစဥ်မှာ အမှားခံမှာ မဟုတ်ဘဲ နိုင်ပွဲဆက်ဦးမှာပါ။ နှစ်ဂိုးပြတ်မှ ကြေးစားရမှာ ဖြစ်ပေမဲ့ မာဆေးလ်အသင်း နှစ်ဂိုးပြတ်အနိုင်ရဖို့ မခက်တာကြောင့် မာဆေးလ်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။