၅.၁. ၂၀၂၅
Written by Shwe Phyo
မြန်မာအာဏာပိုင်များသည် ဇန်နဝါရီ ၄ ရက်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ ပြန်လွတ်ပေးခဲ့သော်လည်း ထိုင်းနိုင်ငံသား ငါးခိုးဖမ်းသမား ၄ ဦးက ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကြာင်း ထိုင်းအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။
မြန်မာရေတပ်သည် ပြီးခဲ့သော ၂၀၂၄ ခုနှစ်အတွင်း ငါးဖမ်းသမား ၃၁ ဦးပါဝင်သော ငါးဖမ်းလှေကို မြန်မာရေပိုင်နက်အတွင်း တရားမဝင်ငါးဝင်ရောက်ဖမ်းဆီးမှုနှင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မြန်မာအာဏာပိုင်များသည် ထိုင်းနိုင်ငံသား ငါးခိုးဖမ်းသမား ၄ ဦးနှင့်အတူ မြန်မာနိုင်ငံသား ငါးခိုးဖမ်းသမား၂၇ ဦးကို ကော့သောင်းအကျဉ်းထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များသည် ဖမ်းဆီးခံထားရသော ထိုင်းငါးခိုးဖမ်းသမားများကို ပြန်လွှတ်ပေးရန် မြန်မာအာဏာပိုင်းများနှင့် စေ့စပ်ဆွေးနွေးမှုများရှိခဲ့ပြီး ထိုင်းဝန်ကြီးချုပ်အပါအဝင် ထိုင်းအစိုးရတာဝန်ရှိသူများက ထိုင်းငါးခိုးဖမ်းသမား ၄ ဦးကို ပြန်လွှတ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။ ထိုင်းအစိုးရက မြန်မာအာဏာပိုင်များနှင့်ဆွေးနွေးမှုများအရ ဖမ်းဆီးခံထားရသော ထိုင်းနိုင်ငံသား ငါးခိုးဖမ်းသမား ၄ ဦးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ပြန်လွှတ်ပေးဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုထားဖူးသည်။
ရနောင်းမြို့ရှိ ထိုင်းလုံခြုံရေးအေဂျင်စီများက ထိုင်းငါးခိုးဖမ်းသမား ၄ ဦးကို ပြန်လွှတ်ပေးလိုက်သည်ဆိုသော အတည်ပြုချက်မျိုးကို လက်ခံရရှိခြင်းမရှိသေးကြောင်းပြောသည်။
ထိုင်းလုံခြုံရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက “ထိုင်းငါးဖမ်းသမား လေးဦးကို ပြန်လွှတ်ပေးမှု ရှိမရှိဆိုတာကို မြန်မာဘက်ခြမ်းကနေ တရားဝင်တုံ့ပြန်ဆက်သွယ်အတည်ပြုတာမျိုးမရှိသေးဘူး” ဟုပြောသည်။
ထိုင်းအာဏာပိုင်များက၎င်းတို့သည် ပြီးခဲ့သောရက်ပိုင်းတွင် ထိုင်းငါးဖမ်းသမားများထိန်းသိမ်းခံထားရသောကော့သောင်းမြို့အကျဉ်းထောင်ကို မိသားစုနှင့်အတူသွားရောက်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့ဖူးသည်။ ထိုင်း နှင့်မြန်မာနယ်ခြားကော်မတီက ထိုင်းငါးဖမ်းသမား ၄ ဦးကို ပြန်လွှတ်ပေးလိုက်ခြင်းရှိ မရှိဆိုသောအချက်ကို မြန်မာအာဏာပိုင်များက အတည်ပြုခြင်းမျိုးမရှိသေးကြောင်း ပြောသည်။
ထိုင်းငါးခိုးဖမ်းသမား ၄ ဦးကို မြန်မာနိုင်ငံသားများဖမ်းဆီးမှုကြောင့် ထိုင်းနိုင်ငံကလည်း မြန်မာရေလုပ်သား ၆ ဦးနှင့် တရားဝင်တင်ပို့ခွင့်ရှိသော ပုစွန်ချဥ်တင်ငါးဖမ်းလှေတစ်စီးကို ဒီဇင်ဘာ ၁၄ ရက်က လက်တုံ့ပြန်ဖမ်းဆီးခဲ့ပြီး ထို ၆ ဦးမှာလည်း ထိုင်းဥပဒေအတိုင်း ပြစ်ဒဏ်ကျခံရဖွယ်ရှိနေသည်။
REf Thailandnews