၅.၁.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၁၈)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် ယနေ့ဇန်နဝါရီလ ၅ ရက် နံနက် ၄ နာရီ မိနစ်၂၀ ခန့်က ရေခဲသေတ္တာဖွင့်ထားစဥ် ရေခဲသေတ္တာမော်တာဂျန့်ဖြစ်ရာမှ အပူလွန်ကဲပြီး လူနေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
အလျားပေ ၂၀၊ အနံပေ ၄၀ ရှိသော သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း ၂ ထပ်နေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၂ ထပ်နေအိမ်နှင့် ဘေးရှိ ၁ ထပ်နေအိမ်၏ ဘေးနံရံတစ်ခြမ်းနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
၁၀ မိနစ်ခန့်ကြာသော မီးလောင်မှုကို မီးငြိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၁ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ကျော်ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အသက် ၃၈ နှစ်အရွယ် အမျိုးသမီးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။