၄. ၁.၂၀၂၅
Wtitten by MMAK
◾မန်စီးတီး Vs ဝက်စ်ဟမ်း
ဘော်ဒီကြေး နှစ်လုံးငါးဆယ်စား ပေးထားတဲ့ အိမ်ရှင်မန်စီးတီးအသင်းအနေနဲ့ ဝက်စ်ဟမ်းအသင်းကို သုံးဂိုးပြတ်အနိုင်ရအောင် ကစားနိုင်မလားဆိုတာ စဥ်းစားရမှာဖြစ်ပြီး ဂိုးပေါင်းကြေးက လေးလုံးခြောက်ဆယ်စား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က လက်စတာအသင်းနဲ့ပွဲစဥ်မှာဆိုရင် မန်စီးတီးအသင်းဟာ နှစ်ဂိုးပြတ်အနိုင်ရဖို့ အသည်းအသန်ကစားခဲ့ရတာမျိုး တွေ့ရသလို တစ်ဂိုးသွင်းပြီးထားချိန်မှာ နောက်တစ်ဂိုးထပ်ရဖို့ထက် ဂိုးပြန်မပေးရဖို့ ပိုမိုအာရုံစိုက်ကစားခဲ့တာမျိုးလည်း တွေ့ရပါတယ်။ ဝက်စ်ဟမ်းအသင်းမှာတော့ တောင်ပံကစားသမားဘိုဝင်နဲ့ တိုက်စစ်မှူး အန်တိုနီယိုတို့မပါနိုင်တာကြောင့် ဂိုးရဖို့ခက်ခဲနိုင်ပြီး ဂိုးရခဲ့ရင်လည်း တစ်ဂိုးထပ် ပိုရဖို့မလွယ်ပါဘူး။ မန်စီးတီးအသင်းရဲ့ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေးက မှန်ကန်တဲ့ပေါက်ကြေးအနေအထား ဖြစ်ပေမဲ့ စုံပေါ်အောင်ဖို့တော့ မဖြစ်နိုင်ဘဲ အောက်ကြေးတစ်ခုခု အနိုင်ရသွားနိုင်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းအသင်း ဂိုးရဖို့ခက်ခဲနိုင်တယ်လို့ ယူဆထားသလို မန်စီးတီးအသင်းကလည်း အနိုင်ရလဒ်ကို အသာအယာထိန်းကစားသွားနိုင်တယ်လို့ ယူဆထားတဲ့အတွက် ဂိုးအောက်ရွေးချယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။
◾ခရစ္စတယ်ပဲလေ့စ် Vs ချဲလ်ဆီး
နောက်ဆုံးသုံးပွဲမှာ တစ်ပွဲသရေကျကာ နှစ်ပွဲဆက်တိုက်ရှုံးထားတဲ့ ချဲလ်ဆီးအသင်းရဲ့ ခြေစွမ်းကို လန်ဒန်ဒါဘီပြိုင်ဘက် ပဲလေ့စ်အသင်းက ထပ်မံစမ်းသပ်ဦးမဲ့ ပွဲစဥ်တစ်ပွဲဖြစ်ပါတယ်။ ရှုံးပွဲဆက်နေတဲ့ ချဲလ်ဆီးအသင်းက အနိုင်ရလဒ်အတွက် ဦးတည်ကစားလာမှာ ဖြစ်သလို ပဲလေ့စ်အသင်းရဲ့ အိမ်ကွင်းခြေစွမ်းကလည်း လျှော့တွက်လို့ မရပါဘူး။ ဒီပွဲမှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ဘော်ဒီကြေးက အနည်းငယ်ပျော့နေပြီး ဒီပွဲစဥ်မှာ အိမ်ရှင်ပဲလေ့စ်အသင်း ဂိုးရသွားနိုင်တယ်လို့ ထင်ပါတယ်။ လန်ဒန်ဒါဘီပွဲဖြစ်သလို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် ပဲလေ့စ်အသင်းက ခံစစ်အားပြုကစားလာမှာမဟုတ်ဘဲ ချဲလ်ဆီးအသင်းကို ယှဥ်ကစားလာနိုင်တာကြောင့် သွင်းဂိုးရနိုင်သလို နှစ်ပွဲဆက်ရှုံးထားတဲ့ ချဲလ်ဆီးအသင်းကလည်း အနိုင်ရလဒ်ကို ဦးတည်ကစားလာမှာ ဖြစ်တာကြောင့် သွင်းဂိုးတွေ သွင်းယူနိုင်ပါလိမ့်မယ်။ ဒီပွဲက တစ်ဖက်တစ်ဂိုးစီလောက် မြင်ရနိုင်ပြီး အနိမ့်ဆုံး သုံးဂိုးလောက်က မြင်တွေ့ရနိုင်ပါတယ်။ အရှုံးအနိုင်ပြတ်သားနိုင်တဲ့ ပွဲစဥ်တစ်ပွဲလို့ ယူဆထားပြီီး အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တဲ့ လန်ဒန်ဒါဘီပွဲစဥ်မှာ ဂိုးအများကို ရွေးချယ်သင့်ပါတယ်။
◾ အက်စတွန်ဗီလာ Vs လက်စတာ
နောက်ဆုံးငါးပွဲမှာ နှစ်ပွဲနိုင် နှစ်ပွဲရှုံးနဲ့ တစ်ပွဲသရေဖြစ်ထားတဲ့ ဗီလာအသင်းရဲ့ ခြေစွမ်းက တည်ငြိမ်မှု အားနည်းတာကို တွေ့ရပါတယ်။ နည်းပြအပြောင်းအလဲ လုပ်ထားတဲ့ လက်စတာအသင်းကတော့ ဗီလာအသင်းထပ်ကို ပိုဆိုးနေပြီး လေးပွဲဆက် ဂိုးပြတ်ရှုံးပွဲနှင့်အတူ တန်းဆင်းဇုန်းထဲကိုပါ ရောက်ရှိသွားပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဗီလာအသင်းက ဘော်ဒီကြေး တစ်လုံးအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်အရှုံး ဖြစ်ပါတယ်။ နောက်ဆုံးလေးပွဲဆက် ဂိုးပြတ်တွေ ရှုံးထားတဲ့ လက်စတာအသင်းကို အိမ်ရှင်ဗီလာအသင်း နှစ်ဂိုးပြတ်အနိုင်ရပြီး ကြေးအောင်သွားနိုင်မလားဆိုတာ စဥ်းစားရမှာပါ။ ပထမဆုံးတွေးမိတဲ့အချက်ကတော့ လက်စတာအသင်းအနေနဲ့ ကြေးအောင်ချိန်တန်နေပြီဖြစ်သလို တစ်လုံးအရှုံးဆိုတဲ့ ပေါက်ကြေးမှာ တစ်ဂိုးလောက်နဲ့ ကပ်ရှုံးတာမျိုးနဲ့ သရေကျသွားတာမျိုး တစ်ခုခု ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ ဒုတိယအချက်ကတော့ ဗီလာအသင်းရဲ့တိုက်စစ်မှာ အဓိကခြေစွမ်းပြနေတဲ့ ရော်ဂျာနဲ့ ဒူရန်တို့မပါနိုင်တာဟာ ဗီလာအသင်း ဂိုးများများသွင်းနိုင်ဖို့ ခက်ခဲနိုင်တယ်လို့ ထင်ပါတယ်။ လက်စတာအသင်း တစ်ဂိုးလောက်ရသွားရင် ဗီလာအသင်းကြေးအောင်ဖို့ ခက်ခဲနိုင်သလိုတစ်ဂိုးလောက်နဲ့ ကပ်ရှုံးလို့ရတဲ့ ပေါက်ကြေးအနေအထားမှာ အောက်အသင်းဖြစ်တဲ့ လက်စတာဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ဘုန်းမောက် Vs အဲဗာတန်
ဘုန်းမောက်အသင်းက နောက်ဆုံးခုနှစ်ပွဲဆက် ရှုံးပွဲလုံးဝမရှိဘဲ လေးပွဲအနိုင်နဲ့ သုံးပွဲသရေကျကာ အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားပါတယ်။ အဲဗာတန်အသင်းရဲ့ တိုက်စစ်က နောက်ဆုံးလေးပွဲမှာ တစ်ဂိုးဘဲ သွင်းထားနိုင်တဲ့အတွက် အားရစရာ မကောင်းပေမဲ့ ခံစစ်ကတော့ သုံးဂိုးသာပေးထားရပြီး နောက်ဆုံးလေးပွဲဆက် ဂိုးအောက်ကစားထားပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘုန်းမောက်အသင်းက ဘော်ဒီကြေးတစ်လုံးသုံးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ဖြစ်ပါတယ်။ ဘုန်းမောက်အသင်းရဲ့ ဘော်ဒီကြေးက အနည်းငယ်ပြင်းရှနေပေမဲ့ ဂိုးပေါင်းကြေးမှာတော့ အနည်းငယ် ပျော့နေပြန်ပါတယ်။ ဘော်ဒီကြေး တစ်လုံးသုံးဆယ်စားနဲ့ ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စားပေါက်တဲ့ ပွဲစဥ်တွေမှာဆိုရင် စုံပေါ်အောင်ဖို့ခက်ခဲလေ့ရှိပြီး အနည်းဆုံး အောက်တစ်ကွက် ပြန်စားပါတယ်။ အဝေးကွင်းဆိုရင် ခံစစ်အားပြုကစားလေ့ရှိတဲ့ အဲဗာတန်အသင်းကြောင့် အပြန်အလှန် သွင်းဂိုးတွေအများကြီး မမြင်တွေ့ရနိုင်ဘူးလို့ ယူဆထားပါတယ်။ ဘုန်းမောက်အသင်း နိုင်ခဲ့ရင်လည်း တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားပြီး မနိုင်ရင်လည်း တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားနိုင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ဆောက်သမ်ပ်တန် Vs ဘရန့်ဖို့
ဆောက်သမ်ပ်တန်အသင်းက ရမှတ်ခြောက်မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရောက်ရှိနေတာ မှန်ပေမဲ့ ဘရန့်ဖို့အသင်းကလည်း အဝေးကွင်းနိုင်ပွဲတစ်ပွဲတောင်မရသေးတဲ့ အသင်းဖြစ်ပါတယ်။ ဆောက်သမ်ပ်တန်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အိုနာချူကို တော်တော်လေး သဘောကျနေပြီး သူပါဝင်ကစားတဲ့ပွဲမှာဆိုရင် ဆောက်သမ်ပ်တန်အသင်းရဲ့ တိုက်စစ်ပိုင်းက တော်တော်လေး အလုပ်ဖြစ်တာကို တွေ့ရပါတယ်။ ဒီပွဲမှာ အဝေးကွင်းဘရန့်ဖို့အသင်းက ဘော်ဒီကြေး ပြားခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ ဂိုးပေါင်းကြေးက သိသိသာသာ မြင့်မားနေတာကို တွေ့ရသလို အဝေးကွင်းနိုင်ပွဲ လုံးဝမရသေးတဲ့ ဘရန့်ဖို့အသင်းက ဇယားအောက်ဆုံးက ဆောက်သမ်ပ်တန်အသင်းနဲ့ တွေ့နေချိန်မှာ ပထမဆုံးနိုင်ပွဲ ရယူနိုင်ဖို့ ကြိုးစားလာနိုင်သလို အမှတ်လိုအပ်ချက်ပြင်းပြနေတဲ့ ဆောက်သမ်ပ်တန်အသင်းကလည်း ဂိုးရနိုင်တဲ့ အနေအထားမျိုး တွေ့ရပါတယ်။ နှစ်သင်းလုံးက အနိုင်ရလဒ်ကို ဦးတည်ကစားလာနိုင်သလို အပြန်အလှန်သွင်းဂိုးတွေနဲ့ တစ်ဖက်တစ်ဂိုးစီလောက် မြင်ရနိုင်တဲ့ ပွဲစဥ်ဖြစ်ပါတယ်။ နှစ်သင်းလုံး ဂိုးရနိုင်တယ်လို့ ယူဆထားသလို အနိမ့်ဆုံး သုံးဂိုးလောက်ထိ မြင်ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ ဘရိုက်တန် Vs အာဆင်နယ်
ဘရိုက်တန်အသင်းရဲ့ ခြေစွမ်းက အနည်းငယ်ကျဆင်းနေပြီး နောက်ဆုံးခုနစ်ပွဲဆက် နိုင်ပွဲမရထားဘဲ ငါးပွဲသရေကျကာ နှစ်ပွဲရှုံးထားပါတယ်။ အာဆင်နယ်အသင်းက ပွဲကျပ်ကာလမှာတောင် ရလဒ်တွေကောင်းနေပြီး အဓိကတောင်ပံကစားသမား ဆာကာမပါနိုင်တဲ့ ပွဲတွေမှာတောင် တိုက်စစ်က ဂိုးသွင်းအား မကျသွားပါဘူး။ အာဆင်နယ်အသင်းက ကစားကွက်ကနေ ဂိုးသွင်းနိုင်စွမ်းရှိသလို ဒီရာသီမှာ ပြစ်ဒဏ်ဘောနဲ့ ထောင့်ကန်ဘောတွေကနေ ဂိုးအများဆုံးသွင်းထားနိုင်တာကို တွေ့ရပါတယ်။ တိုက်စစ်က ဂိုးရဖို့ခက်ခဲနေချိန်မှာ ပြစ်ဒဏ်ဘောတွေနဲ့ထောင့်ကန်ဘောတွေကနေ နောက်တန်းကစားသမားတွေက ဂိုးတက်သွင်းနိုင်တဲ့အတွက် အာဆင်နယ်တစ်သင်းလုံးက ဂိုးသွင်းနိုင်တယ်ဆိုတဲ့ အချက်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ အဝေးကွင်းအာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဘော်ဒီကြေးက အနည်းငယ်ပျော့နေပေမဲ့ လက်ရှိခြေစွမ်းမှာတော့ အိမ်ရှင်ဘရိုက်တန်အသင်းထက် အသာရနေတာကို တွေ့ရပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းကဘဲ တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားမယ်လို့ ယူဆထားတဲ့အတွက် အာဆင်နယ်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။