MT News
၄.၁. ၂၀၂၄
ဒီနေ့ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဥ်းသား ၅၈၆၄ ဦးကို SAC ဥက္ကဋ္ဌက လွတ်ငြိမ်းခွင့်ပြုပေးလိုက်ပါတယ်။
အမိန့်အမှတ် ၂/ ၂၀၂၅ နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်း ကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား၊ အကျဉ်းသူ (၅၈၆၄) ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ထပ်မံပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရပါတယ်။
ဒီနေ့ ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့ လွတ်ငြိမ်းနဲ့ အကျဥ်းသားများကို ပြန်လွှတ်ပေးရာမှာ ရန်ကုန်တိုင်းဒေသကြီးရှိအကျဥ်းစခန်းအသီးသီးက အကျဥ်းကျခံနေသူ ၁၂၆၀ ဦးပြန်လည်လွတ်မြောက်ခဲ့ပြီး လွတ်မြောက်သူတွေထဲမှာ နာမည်ကျော်သရုပ်ဆောင်သက်ဇာဝင့်ကျော် ပါဝင်လာပေမယ့် နာမည်ကြီးမော်ဒယ် နန်းမွေစံ ပါဝင်လာခြင်းမရှိသေးဘူးလို့လည်း ကနဦးသတင်းတွေအရ သိရလို့ ဆက်လက်အတည်ပြုစုံစမ်းနေပါတယ်။