၃.၁.၂၀၂၅
Translated by Htwe Ko Tun
ပြစ်တင်ရှုတ်ချခံထားရတဲ့ တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်ဆပ်ယိုလ်ရဲ့နေအိမ်အတွင်းကို တရားရုံး က ထုတ်ပြန်ထားတဲ့ဝရမ်းအရ ဖမ်းဆီးမှုပြုဖို့ စုံထောက်တွေက ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းမှာ ဝင်ရောက်ဖို့ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။
သမ္မတယွန်ဆပ်ယိုလ်ဟာ ဒီဇင်ဘာလ ၃ ရက်က သူ့ရဲ့အောင်မြင်မှုမရှိတဲ့ စစ်အုပ်ချုပ်ရေးထုတ်ပြန်မှုကြောင့် လွှတ်တော်မှာ အယုံအကြည်မရှိ ရှုတ်ချမှုပြုလုပ်ခံထားရသူလည်းဖြစ်ပါတယ်။
လာဘ်စားမှုစုံစမ်းထောက်လှမ်းရေးရုံးက အဆင့်မြင့်အရာရှိကြီးတွေက သမ္မတယွန်ကို တရားရုံးရဲ့ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းအရ လိုက်နာဆောင်ရွက်ရခြင်းလို့ သတင်းစာနယ်ဇင်းတွေကို ပြောခဲ့ကြပါတယ်။ ယွန်ကိုဒီဇင်ဘာလ ၃ ရက်မှာ သူထုတ်ပြန်ခဲ့တဲ့ နာရီအနည်းငယ်သာကြာတဲ့ မအောင်မြင်တဲ့စစ်အုပ်ချုပ် ချုပ်ရေးကြေညာချက်နဲ့ဆက်စပ်လို့ ဆူပူအုံကြွမှုနဲ့အာဏာအလွဲသုံးစားလုပ်မှု စွဲချက်တို့နဲ့ တရားရုံးက ဖမ်းဝရမ်း ထုတ်ခဲ့ပြီး လာဘ်စားမှုစုံစမ်းထောက်လှမ်းရေးရုံးအရာရှိတွေက ဇန်နဝါရီလ ၆ ရက်နောက်ဆုံးထားပြီး ထိုအတိုင်းဖမ်းဆီးကြရမှာပါ။
ဒါပေမယ် ယွန်ရဲ့ နေအိမ်ရှေ့မှာ သူ့ကိုထောက်ခံသူလူအုပ်ကြီးရှိနေတာက အဆိုပါ စုံထောက်တွေရဲ့ ယွန်ကို ဖမ်းဆီးဖို့ကြိုးစားမှုကို အခြေအနေရှုပ်ထွေးစေခဲ့ပါတယ်။ တစ်ချိန်ထဲမှာ ယွန်ကို ဖမ်းဆီးဖို့ဝင် ရောက်လာတဲ့ စုံထောက်တွေနဲ့ သမ္မတလုံခြုံရေးတပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေ ရှိနေပါသေးတယ်။ ယွန်ကို ထောက်ခံသူတွေကလည်း စုံထောက်တွေ ယွန်ကိုဖမ်းဆီးဖို့ အိမ်ထဲဝင်ဖို့ ကြိုးစားတာကို တားဆီးနေကြပါတယ်။
ထောင်ပေါင်းများစွာသော ယွန်ကို ထောက်ခံသူတွေက ယွန်ကို ပြစ်တင်ရှုတ်ချမှုနဲ့ ဖမ်းဆီးဖို့ကြိုးစားမှုတွေကိုဆန့်ကျင်ဖို့ ပြီးခဲ့တဲ့ရက်တွေအတွင်း ယွန်ရဲ့ အိမ်ရှေ့မှာစုဝေးဆန္ဒပြနေတာပါ။ တချို့ဆိုရင်လည်း ရဲတပ်ဖွဲ့ က လူစုခွဲပျံ့နှံ့ဖို့ကြိုးစားခဲ့ပါတယ်။
လေ့လာသူတွေကတော့ ဝရမ်းသက်တမ်းမကုန်ဆုံးခင် ဇန်နဝါရီလ ၄ ရက်နဲ့ ဇန်နဝါရီလ ၅ ရက်တို့မှာ ယွန်ကို ဖမ်းဆီးဖို့ကြိုးစားမှုက သူ့ကိုထောက်ခံတဲ့ များပြားလှတဲ့ လူအုပ်ကြီးနဲ့ ထိပ်တိုက်တွေ့ဖွယ်ရှိပြီး အန္တရာယ်ရှိတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
ယွန်က တရားရုံးကိုစစ်မေးဖို့ဆင့်ခေါ်တဲ့သုံးကြိမ်စလုံးကို လျစ်လျူရှုခဲ့အပြီးမှာ ခုလို ဖမ်းဝရမ်းထုတ်ခဲ့တာလို့ သိရပါတယ်။ ယွန် ရဲ့ ဥပဒေဆိုင်ရာအဖွဲ့ကတော့ ဖမ်းဝရမ်းက ဥပဒေနဲ့မညီလို့ တရားမဝင်ဘူးလို့ ပြောထားကြပါတယ်။
Ref- Yonhap