MT News
Written by Myo Khine
စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသော မနှင်းဝေလှိုင်(ခ) မလပြည့်ဆိုသည့် အမျိုးသမီးတစ်ဦး မြန်မာ နိုင်ငံသို့ပြန်လာစဉ် ၎င်း၏ရည်းစားဖြစ်သူနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် တည်းခိုခန်းတစ်ခုတွင် ချိန်းဆိုတွေ့ဆုံစဉ် ဓားဖြင့်ထိုးသ.တ်ဖြတ်ခံရပြီး ပါသမျှ ရွှေ၊ ငွေ၊ ဒေါ်လာ၊ ဖုန်းအကုန် လုယက်သတ်ဖြတ်ခံရသော အမှုကို ရဲတပ်ဖွဲ့က ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် စုံစမ်းနေကြောင်း သိရသည်။
“လောလောဆယ် တရားခံကိုလိုက်နေတုန်းပါ။ သူ့ရဲ့ရည်းစားဆိုတာ မှန်တယ်။ နိုင်ငံခြားမှာ ရောက်နေတဲ့ ကောင်မလေးရဲ့ ရည်းစားပေါ့။ သူက ပြန်လာပြီး ချိန်းတွေ့တာ။ သူလို့ပဲ ယူဆချက်နဲ့ စုံစမ်းနေကြတာပေါ့။ အဲဒီအမှုကို လှိုင်သာယာရဲစခန်းက ဖွင့်ထားတယ်။ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်တာပါ။ ဖွင့်တာက ဇန်နဝါရီ ၈ ရက်နေ့က ဖွင့်တာ။ အမှုဖွင့်တယ်ဆိုတာက ဖြစ်စဉ်ဖြစ်တာကို သိပြီးရင် ဖွင့်တာပဲ။ အဲဒီနေ့မတိုင်ခင်က သေနေတာလို့ ယူဆရပါတယ်။ တည်းခိုခန်းမှာ ဖြစ်တာပါ။ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် ၅ ရပ်ကွက်ထဲက တည်းခိုခန်းတစ်ခုမှာ ဖြစ်တာ။ သူ့မိဘတွေဘက်က လာရောက်ဆက်သွယ်တာတော့မရှိပါဘူး”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သော အမည်မဖော်လိုသူက ဇန်နဝါရီ ၁၁ ရက် တွင် MT News သို့ ပြောသည်။
(စင်ကာပူတွင် အိမ်အကူလုပ်ရင်း မိဘမသိအောင် မြန်မာနိုင်ငံပြန်လာပြီး ပထမအကြိမ်အတူနေဖူးသူ ရည်းစားဖြစ်သော ကိုအောင်သူရိန်ခေါ်ဆောင်ရာ လှိုင်သာယာရှိတည်းခိုခန်းသို့ လိုက်ပါတွေ့ဆုံရင်း ဓားဒဏ်ရာ ၁၂ ချက်ဖြင့် သတ်ဖြတ်ခံရကာ ပါလာသည့် ရွှေ၊ ဒေါ်လာနှင့်ဖုန်းများ လုယက်ခံရသည့်ဖြစ်စဥ်ကို MT News သတင်းဌာနက ဇန်နဝါရီ ၁၀ ရက်တွင် သတင်းဖော်ပြပြီးဖြစ်ကာ အောက်ပါလင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်မည်ဖြစ်သည်။
https://m.facebook.com/story.php?story_fbid=151291664361750&id=100084427521875&mibextid=Nif5oz )