၂. ၁. ၂၀၂၅
Written by Nay Moe
NUG လက်အောက်ခံ PDF တွေဖြစ်တဲ့ ဒီမော့ဆိုမြို့နယ် PDF အဖွဲ့က ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ PDF တွေထဲက ၃၉ ဦးကိုပဲ တစ်ဦး ကျပ်တစ်သိန်းခွဲခန့်နှုန်းနဲ့ ထောက်ပံ့ကြေးပေးခဲ့တယ်လို့ DMO Local PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
လက်နက်ကိုင်အဖြစ် တာဝန်ထမ်းဆောင်စဥ်အတွင်း လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုနဲ့ ထိတွေ့တိုက်ပွဲ တွေမှာ မိုင်းကြောင့် ဒဏ်ရာရ PDF ပေါင်း ၁၉၉ ဦး ရှိတဲ့ အထဲက ထိခိုက်ဒဏ်ရာ ပြင်းထန်စွာခံစားနေရတဲ့သူ ၃၈ ဦးကို ငွေကျပ် သိန်း ၅၉၅၀၀၀၀ ကျပ်ကို ထောက်ပံ့ခဲ့တာဖြစ်လို့ တစ်ဦးကို ၁၅၇၆၃၂ ကျပ်အောက် ရရှိကြမှာဖြစ်ပါတယ်။
ဒီ ၃၈ ဦးက လက်နက်ကိုင်တိုက်ခိုက်ချိန် ခြေပြတ်၊လက်ပြတ်၊ မျက်လုံး အစားထိုး၊ အသည်း၊ အဆုတ် ကျောက်ကပ်၊ ဦးခေါင်းစတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း ပြင်းထန်စွာထိခိုက်ခံစားရတဲ့ သူတွေလို သိရပြီး ကျန်တဲ့ ဒဏ်ရာရ ၁၆၁ ဦးကိုတော့ ထောက်ပံ့ပေးနိုင်မှုရှိကြောင်း ဖော်ပြမထားနိုင်သလို ဒီလို ခြေပြတ်လက်ပြတ် ၃၈ ဦးကို တစ်သိန်းခွဲခန့်ထောက်ပံတာတောင် ပြည်တွင်းပြည်ပကလှူလို့ ပေးနိုင်တာမို့ အခုလို ထောက်ပံ့ငွေပေးနိုင်ရေးအတွက် ကူညီလှူဒါန်းပေးခဲ့တဲ့ ပြည်တွင်း၊ ပြည်ပ အလှူရှင်များစွာကိုလည်း အထူးကျေးဇူးတင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို၊ DMO Local PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။