၂.၁.၂၀၂၅
Translated by Htwe Ko Tun
အယုံအကြည်မရှိလို့ စွပ်စွဲပြစ်တင်ခံနေရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆပ်ယိုလ်က သူ့ရဲ့မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုအပေါ် သူ့ကိုဖမ်းဆီးစစ်ဆေးဖို့ ကြိုးစားလာမှုကို ဆက်လက်ဆန့်ကျင် တိုက်ခိုက်သွားမယ်လို့ တတိယမြောက်နေ့အဖြစ် ဇန်နဝါရီလ ၂ ရက်မှာ သန္နိဋ္ဌာန်ချပြောကြားရင်း ဆက်လက်ခုခံသွားခဲ့ပါတယ်။
ပြဿနာပတ်လည်ဝိုင်း ရင်ဆိုင်နေရတဲ့သမ္မတယွန်က သူ့ကိုပြစ်တင်ရှုတ်ချမှုက ဦးတည်စေခဲ့တဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုကို ဒီဇင်ဘာလ ၃ ရက်မှာ အလွဲလွဲအချော်ချော် ပြုမိခဲ့တယ်လို့ဆိုရမှာပါ။ အဲဒီကနေ တရားစွဲမှုတွေနဲ့ရင်ဆိုင်ရပြီးနောက်သမ္မတတာဝန်ဆိုင်းငံ့ခံထားရတဲ့ ယွန်ကို ဖမ်းဆီးအကျဉ်းချကာ သေဒဏ်ပေးဖို့အထိ ကြိုးစားမှုတွေနဲ့ အဆိုးဝါးဆုံးရင်ဆိုင်လာရတာပါ။
ယွန်ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကတော့ သမ္မတအိမ်တော်အပြင်ဘက်မှာ စုဝေးဆန္ဒပြနေကြပါတယ်။ သူ့ရဲ့ လုံခြုံရေးအဖွဲ့ဝင်တွေကလည်း ရဲတပ်ဖွဲ့ရဲ့ယွန့်ကို ဝင်ရောက်ဖမ်းဆီးဖို့ကြိုးစားမှုတွေကို ပိတ်ဆို့တားဆီးရင်း အခြေအနေက လိပ်ခဲတည်းလည်းဖြစ်နေရပါတယ်။
ဆန္ဒပြသမားတွေကိုထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်ရပ်မှာ ယွန်က ကိုရီးယားသမ္မတနိုင်ငံအနေနဲ့ နိုင်ငံ့အချုပ်အခြာ အာဏာကိုခြိမ်းခြောက်လာတဲ့ ပြည်တွင်းပြည်ပအင်အားတွေ၊ နိုင်ငံဆန့်ကျင်ရေး အင်အားစုတွေကြောင့် အခုအခါ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ပြောခဲ့ပါတယ်။ သူက သင်တို့နဲ့အတူ ဒီနိုင်ငံကို နောက်ဆုံးအခြေအနေအထိကာကွယ်သွားမယ်လို့ ဆိုခဲ့ပါတယ်။
သူ့ရဲ့ရှေ့နေ ယွန်ကတ်ကွန်ကလည်း သမ္မတအနေနဲ့ ဆိုးလ်မြို့မှာပဲရှိနေတယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
ယွန်ကိုဖမ်းဆီးဖို့ တရားရုံးကထုတ်ပြန်ထားတဲ့ ဝရမ်းက ဇန်နဝါရီလ ၆ ရက်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ထိုကာလအတွင်း ဖမ်းဆီးမှုကို ယွန်အနေနဲ့ လိုက်နာဆောင်ရွက်ဖို့လိုပါတယ်။ တကယ်လို့ ယွန်ကို အာဏာပိုင်တွေက ဖမ်းဆီးမှုကို တားမြစ်ပိတ်ဆို့ခဲ့ရင် ထိုသူဟာလည်း တရားစွဲမှုခံရမှာဖြစ်တယ်လို့ လာဘ်စားမှုစုံစမ်းထောက်လှမ်းရေးရုံးအကြီးအကဲ အိုဒွန်းဝွန်က ဇန်နဝါရီလ ၁ ရက်မှာ သတိပေးပြောကြားခဲ့ပါတယ်။
Ref- CNA