၂.၁.၂၀၂၅
Written By Thandar
နိုင်ငံကျော်မင်းသား ပိုင်တံခွန်က သမီးလေးဖြစ်သူ မလင်းမြဖူးကို မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာအရ စေ့စပ်တောင်းရမ်းတဲ့အပေါ် ဝမ်းသာလွန်းလို့ ဖခင်ဖြစ်သူ မြန်မာနိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက ပီတိမျက်ရည်ကျခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ပြည်တွင်းပရိသတ်တွေအပြင် ပြည်ပပရိသတ်တွေပါ ချစ်ခင်အားပေးမှုကိုရရှိထားတဲ့ သရုပ်ဆောင် မင်းသာ ပိုင်တံခွန်နဲ့ ချစ်သူ လင်းမြဖူးတို့ရဲ့ မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာအတိုင်း စေ့စပ်တောင်း ရမ်းမင်္ဂလာကို ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။
ပိုင်တံခွန်က သမီးဖြစ်သူကို တကယ့်ကို တန်ဖိုးထားပြီး မိသားဖသားပီပီ လာရောက်တောင်းရမ်းပေးလို့ ဦးဆန်းလင်းက ဝမ်းသာပီတိမျက် ရည်ကျခဲ့တာပါ။
သူတို့ နှစ်ယောက်ကတော့ ချစ်သူသက်တမ်း ၄ နှစ်ကျော်ထိ သစ္စာရှိရှိချစ်ခဲ့ပြီးတော့ ချစ်သူမိန်းကလေးကို နှစ်ဖက်လူကြီးမိဘတွေရှေ့မှာ တန်ဖိုးထားပြီး တောင်းရမ်းခဲ့တာလည်းဖြစ်ပါတယ်။
အဆိုပါ နှစ်ဖက်မိဘတို့ရဲ့ရှေ့မှောက် စေ့စပ်တောင်းရမ်း မင်္ဂလာဘိသေကကို ဆရာ ဘိုမြင့်သန်းက လုပ်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ပိုင်တံခွန်နဲ့ လင်းမြဖူးတို့ စေ့စပ်တောင်းရမ်းပွဲကိုတော့ အနုပညာလောက အသိုင်းအဝိုင်းကဖြစ်တဲ့ စစ်သွေး၊ တိုင်ရွန်၊ ထက်အောင်ရှိုင်း၊ အောင်လေး၊ နွေးနွေးချစ်ဖွယ်၊ သန္တာဗို၊ သင်းသဲဗို၊ ဆုလှိုင်၊ လင်းအောင်ခေတ်၊ ရှင်ဘုန်းပြည့် စတဲ့သူတွေ များစွာ တက်ရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။
မကြာခင်မှာတော့ ချစ်သူနှစ်ဦးရဲ့ ထိမ်းမြားမင်္ဂလာ၊ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုး လက်ထပ်ပွဲကို ဆက်လက် ကျင်းပသွားမှာလည်းဖြစ်ပါတယ်။