၂.၁.၂၀၂၅
Written By Thandar
နှစ်သစ်အလှူအနေနဲ့ အကယ်ဒမီ ဖွေးဖွေးကတော့ သစ်တံခါးဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမဏိဇောတိက (ယော) ကျောင်းတိုက်မှာ ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးတွေကို လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။
“နှစ်ဦးအလှူလေး SYKO ကရတဲ့ အမြတ်ငွေလေးတွေထဲက အိမ်ထောင်စု ၅၀ စာ အလှူရှိပါတယ်။ ကျေးဇူးတော်ရှင် သစ်တံခါးဆရာတော်ဘုန်းဘုန်းဆီမှာပါ။ မေတ္တာလွှမ်းခြုံ၍ အေးချမ်းမှုတွေနဲ့ နွေးထွေးမှုလည်း ရရှိရပါတယ်။ အိမ်ထောင်စု တစ်စုအတွက် ၂၈၀၀၀ ပါ။ စုပေါင်းအလှူမို့ အားလုံးပါဝင်နိုင်ခဲ့တာပါ “လို့ အကယ်ဒမီ ဖွေးဖွေးက ပရိသတ်သိအောင် ပြောလာပါတယ်။
သူမက အဆိုပါ လှူဒါန်းမှုကို ဇန်နဝါရီ ၁ ရက်က လှိုင်သာယာမြို့နယ်ရှိ အောင်မြေဇေယျာမဏိဇောတာရာမ သစ်တံခါးကျောင်းတိုက်မှာ နှစ်သစ်ဦးအလှူအနေနဲ့ ဆန်၊ ဆီ၊ ဆေး၊ ဆား ကုသိုလ်ပြုလိုသူတွေအတွက် တစ်အိမ်ထောင်ကို ကျပ် ၂၈၀၀၀ နှုန်းနဲ့ အိမ်ထောင်စု (၁၁၁၀) စာမှာ ပါဝင်လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။
“အားလုံးပဲ Happy New Year 2025 ပါ။ နှစ်သစ်မှာ ကိုယ့်အပေါ်ကောင်းမယ့် ကိုယ်ကလည်းကောင်းနိုင်မယ့် အရာ…လူ…ကိစ္စအဝဝ တွေကိုပဲ ရွေးချယ်မိနိုင်ကြပါစေ..။ စိတ် ကိုယ် ကံ အေးချမ်းပြီးကောင်းစွာ ပျော်ရွှင်ကြပါစေ…နတ် လူ သာဓု ထပ်တူရကြပါစေလေ” လို့လည်း သူမက ဆုတောင်းမေတ္တာပို့ခဲ့ပါတယ်။