၂.၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ လူစီယားနားပြည်နယ်အတွင်းရှိ နယူးအော်လင်းစ်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နံနက်ခင်း၌နှစ်သစ်ကူးအခမ်းအနားများကျင်းပနေသော လူအုပ်စုအတွင်းသို့ ထရပ်ကားတစ်စီးက အရှိန်ဖြင့်ဝင်ရောက်တိုက်ခဲ့ရာ အနည်းဆုံး ၁၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ ကြောင်းသိရသည်။
ပြည်ထောင်စုစုံစမ်းထောက်လှမ်းရေးဗျူရို (FBI) ကလည်း ထိုအကြမ်းဖက်တိုက်ခိုက်မှုတွင် သေဆုံးသူ အနည်းဆုံး ၁၅ ဦးနှင့် ဒဏ်ရာရသူ ၃၀ ဦးရှိသည် ဟု ထပ်မံအတည်ပြုပြောကြားခဲ့သည်။
နယူးအော်လင်းစ်မြို့၏ Bourbon လမ်းပေါ်တွင် ကျင်းပနေသော နှစ်သစ်ကူးအခမ်းအနားလူအုပ် အတွင်းသို့ ထရပ်ကားမောင်းသူက တမင်သက်သက်ရည်ရွယ်ချက်ရှိရှိဖြင့် ဝင်ရောက်တိုက်ခဲ့ခြင်းဟုလည်း သိရပြီး FBI က ထိုလုပ်ရပ် ကအကြမ်းဖက်မှုလုပ်ရပ်လည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
FBI က ထရပ်ကားကိုမောင်းနှင်လာသူက အသက် ၄၂ နှစ်ရှိ Shamsud-Din jabbar အမည်ရှိ တက္ကဆက်ပြည်နယ်သားတစ်ဦးဖြစ်ပြီး စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ၎င်းက ရဲအရာရှိများနှင့် ပစ်ခတ်မှုတိုက်ပွဲ ဖြစ်ပွားရာတွင် သေဆုံးခဲ့ကြောင်းလည်း သိရသည်။ ထိုသို့ လူအုပ်အတွင်းဝင်ရောက်၍ အကြမ်းဖက်တိုက်ခဲ့သော ထရပ်ကားပေါ်မှ အကြမ်းဖက်အဖွဲ့ဖြစ်သော အိုင်အက်စ်အိုင်အက်စ် အလံတစ်ခုကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း FBI ကပြောကြားခဲ့သည်။
တာဝန်ရှိသူများက အဆိုပါတရားခံက အကြမ်းဖက်မှုအားမပြုလုပ်မီနာရီပိုင်းအလိုတွင် ၎င်းအနေနှင့်အကြမ်းဖက်တိုက်ခိုက်မည်ဟုဆိုသည့် ဗီဒီယိုများကို လူမှုကွန်ရက်တွင်တင်ခဲ့ကြောင်းလည်း ပြောခဲ့ကြသည်။ FBI ကလည်း အကြမ်းဖက်မှုတွင် ပါဝင်နိုင်သည့် အကြမ်းဖက်အဖွဲ့အစည်းများကို စုံစမ်းထောက်လှမ်း နေကြောင်း ပြောခဲ့သည်။
ထို့ပြင်လက်နက်များနှင့် အခြားဖောက်ခွဲရေးပစ္စည်းပြုလုပ်သည့်ကိရိယာများကိုလည်း ထရပ်ကား အတွင်းမှ သိမ်းဆည်းရမိခဲ့သေးကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။
Ref- CNN