၁၁. ၁. ၂၀၂၃
Written by Pan Ei
အကြိမ် ၈၀ မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်ညက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဘေဗာလီ ဟီလ်တန်မှာ ကျင်းပခဲ့ပါတယ်။
Cecil B DeMille ဆုလို့ခေါ်တဲ့ တစ်သက်တာ ရုပ်ရှင်ဆိုင်ရာအောင်မြင်မှုဆုကို ဖျော်ဖြေရေးလောကအတွက် ပံ့ပိုးကူညီမှုတွေပေးနိုင်တဲ့ ထူးချွန်သူတွေကို ပေးအပ်ချီးမြှင့်လေ့ရှိပြီး ၂၀၂၃ ခုနှစ်အတွက် ဆုကိုတော့ မင်းသားနဲ့ ဟာသသရုပ်ဆောင် Eddie Murphy က ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
၁၉၅၂ ခုနှစ်ကတည်းက ချီးမြှင့်ခဲ့တဲ့ အဆိုပါဆုကို ၂၀၂၂ ခုနှစ်အတွက် ချီးမြှင့်ခဲ့ခြင်း မရှိဘဲ အခုနှစ်မှ ပြန်လည်ချီးမြှင့်ခဲ့တာပါ။
Murphy ဟာ ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းမှာ ခြောက်ကြိမ်အထိ ပါဝင်ခဲ့ဖူးပြီး ၂၀၀၇ ခုနှစ်မှာ Dreamgirls ဇာတ်ကားနဲ့ အကောင်းဆုံးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ The Lady ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေကြားမှာ လူသိများဖူးတဲ့ Michelle Yeoh ကလည်း တေးဂီတ(သို့) ဟာသဇာတ်ကားရဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။
Ref; Yahoo