၁.၁.၂၀၂၅
Written By Thandar
နှစ်ဦးကုသိုလ်အနေနဲ့ အဆိုတော် ခင်ရတနာစိုး တစ်ဖြစ်လည်း ဆရာလေးခေမာသီရိ ကတော့ ယနေ့ ဇန်နဝါရီ ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ၇ မိုင်က ရတနာအောင်မြေကျောင်းမှာ သာသနာ့ဘောင်ဝင်ကာ သီလရှင် ဝတ်ခဲ့ပါတယ်။
“၂၀၂၅ ခုနှစ် နှစ်ဦးမှာ မမရဲ့ကုသိုလ် Surprise ပါ။ ရတနာအောင်မြေကျောင်းမှာ သီချင်းဆိုဖို့သွားပြီး ချက်ချင်းဝတ်ချင်လာလို့တဲ့။ မမခင်ရတနာစိုးတစ်ဖြစ်လည်း ဆရာလေး မခေမာသီရီ သာဓု သာဓု သာဓုပါဘုရား။ မမက နှစ်သစ်ကို ကုသိုလ်တွေနဲ့ပဲ စချင်တယ်ဆိုတော့ သမီးတို့လည်းဝမ်းသာရပါတယ်ရှင့်” လို့ တေးသံရှင် စံနမူက MT Entertainment ကို ပြောပါတယ်။
ဆရာလေးခေမာသီရိ တစ်ဖြစ်လည်း အဆိုတော်ခင်ရတနာစိုးကတော့ မိဘကျေးဇူးအထူးဆပ်တဲ့အနေနဲ့ နှစ်ဦးကုသိုလ်ပြုအနေနဲ့ သာသနာ့ဘောင်မှာ ၂၅ ရက်တာ ဝတ်သွားမယ်လို့လည်း သိရပါတယ်။