၁.၁.၂၀၂၅
Translated by Htwe Ko Tun
ယူကရိန်းအစိုးရက သူ့ရဲ့နိုင်ငံပိုင်နက်ကိုဖြတ်ပြီး ရုရှားနိုင်ငံရဲ့သဘာဝဓာတ်ငွေ့တွေ ဥရောပတိုက်ကို ပေးပို့နေ တာကို ငါးနှစ်တာ အတင်အချစာချုပ်ချုပ်ဆိုထားမှုက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ ကုန်ဆုံးပြီးတဲ့နောက် ရပ်ဆိုင်းလိုက်ပြီလို့ ပြောကြားခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲက လေးနှစ်တာကာလကိုရောက်ရှိလာတာကစလို့ ဥရောပသမဂ္ဂကို ရုရှားရဲ့ဓာတ်ငွေ့ပေးပို့မှု သက်တမ်းအရင့်ဆုံးလမ်းကြောင်းတစ်ခုလည်းဖြစ်တဲ့ ယူကရိန်းနိုင်ငံကို ဖြတ်ပြီးပေးပို့မှု ရပ်ဆိုင်းခံနိုင်ရမှုကို မျှော်လင့်ထားကြတာပါ။ ယူကရိန်း စွမ်းအင်ဝန်ကြီးကလည်း နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ဒီဓာတ်ငွေ့ဖြတ်သန်းပေးပို့ခွင့် သဘောတူညီမှုကို ရပ်ဆိုင်းလိုက်ပြီလို့ဆိုပါတယ်။
စစ်ပွဲစတင်ဖြစ်ပွားကတည်းက ဥရောပသမဂ္ဂကလည်း သူ့ရဲ့စွမ်းအင်လိုအပ်ချက်အတွက် ရုရှားဆီက ဓာတ်ငွေ့အစား တခြားနည်းလမ်းတွေနဲ့ ပံ့ပိုးနိုင်ဖို့ကြိုးစားခဲ့တာပါ။ ဥရောပသမဂ္ဂက ရုရှားဓာတ်ငွေ့အပေါ်မှီခိုနေရမှုကိုလျှော့ချနိုင်ဖို့လည်း ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ဥရောပသမဂ္ဂက ရုရှားရဲ့သဘာဝဓာတ်ငွေ့တင်သွင်းမှုက ၂၀၂၁ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ၈ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းကိုဖြတ်ပြီး ဥရောပကိုဓာတ်ငွေ့ပေးပို့တဲ့ လမ်းကြောင်းပိတ်လိုက်ပြီးတဲ့နောက်မှာပဲ ရုရှားအဖို့ ဥရောပကို ပိုက်လိုင်းနဲ့ဓာတ်ငွေ့ပေးပို့မှုလမ်းကြောင်း တစ်ခုပိုလာမယ်လို့ ဆိုပါတယ်။ ဒါက တူရကီနိုင်ငံကိုဖြတ်ပြီး ဘူလ်ဂေးရီးယားသို့ပေးပို့တဲ့ TurkStream ပိုက်လိုင်းပါ။
၂၀၂၄ ခုနှစ်အတွင်းမှာဆိုရင် ရုရှားနိုင်ငံပိုင် Gazprom ဓာတ်ငွေ့ထုတ်လုပ်ရေးကုမ္ပဏီဟာ ဥရောပကို ပေးပို့တဲ့ ဓာတ်ငွေ့တွေ လျော့နည်းသွားရမှုကြောင့် ဒေါ်လာ ၆ ဒသမ ၉ ဘီလျံ ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ဒီအတွက် ရုရှားက ဝယ်ယူသူအသစ်ဖြစ်တဲ့ တရုတ်နိုင်ငံကို အစားထိုးနိုင်ဖို့ကြိုးစားခဲ့ပါတယ်။
ယူကရိန်းက သူ့နိုင်ငံကိုဖြတ်ပြီး ရုရှားရဲဓာတ်ငွေ့ပေးပို့မှုတွေ ရပ်ဆိုင်းခဲ့လို့ Gazprom ကုမ္ပဏီအဖို့ ဓာတ်ငွေ့ အရောင်းဝင်ငွေ ဒေါ်လာ ၅ ဘီလျံထိ ဆုံးရှုံးမှာဖြစ်သလို ယူကရိန်းအနေနဲ့လည်း ဒေါ်လာ သန်း ၈၀၀ လောက်ဆုံးရှုံးရမှာပါ။
Ref- CNN